မလွမ်းဘူး(မင်းလူန)
ပုံစံခွတ်ထဲကခံစားချက်နဲ့ 
မင်းငါ့ ကို
ကန့် သက်ပြီးမပြုံးပြပါနဲ့ မေ………..
အလွှာချင်းဆက်မဲ့ဆက်ထုံးမှာ
သံယောဇဉ်ကြိုးကို
နားလည်မှု့ နဲ့ ထုံးဖွဲ့ တဲ့ ပြယုဂ်လောက်
ဘာကပိုပြီးခိုင်စေမှာလဲ………..
မင်းနဲ့ ငါကွာခြားတာက
ဂုဏ်သိမ်ဒြပ်တွေထက်ပိုတဲ့ 
မနောဓါတ်ကာလာမတူတာပဲ
ချစ်ခြင်း
လက်ထပ်ခြင်းနဲ့ တသားတည်း
မကျလဲမင်းကအချိုးချပြီး
ညီမျှခြင်းဆွဲမဲ့ သူမှန်း
သိခဲ့  ……………..
မကျွတ်လွတ်တဲ့ ဒီဝဋ်အတွက်
ငါ့ နှလုံးသားကို
ကျပ်ထုပ်ထိုးပြီးကုပစ်မယ်……….
မင်း…..
ပုံစံခွတ်ထဲကအပြုံးတွေကို
သိမ်း….ထား………လိုက်….ပါ
မင်းလူန
Comment #2
ကဗျာအပြီးသတ်နားလေး ရေလည်မိုက်တယ်ဗျ
ကဗျာကောင်းတစ်ပုဒ်မို့ ခံစားသွားကြောင်းပါ ~~~

Comment #3
mike de,,
mike de,
ma lwan ne,,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နှလုံးသားကို ကျပ်ထုပ်ထိုးကုမတဲ့ …