ကမ္ဘာခြားနေသေးပေမယ့် ! ! !
နယ်မြေတွေ ကွာဝေးလည်း
နင် နဲ့ ငါ နီးဆက်နေတယ်
ရေ မြေတွေ ခြားထားလည်း
နင် နဲ့ ငါ ဆက်နွယ်နေတယ်
တောင်နံရံတွေ ကာထားလည်း
နင် နဲ့ ငါ ဆုံတွေ့နေတယ်………..
ကွာဝေးမှူ
ခြားနားမှူ
ကာစီးမှူတွေဆိုတာ
နင် နဲ့ ငါ အတွက်တော့ အမည်နာမတွေသာပဲ။
အချိန်တွေ မတူညီလည်းပဲ
အိမ်မက်တွေ တူညီခဲ့တယ် ..
ရှင်သန်ချိန်တွေ မတူလည်းပဲ
နိုးထမှူတွေ တူညီခဲ့တယ် …
မိုင်တွေ ကွာဝေးပေမယ့်
နင် နဲ့ ငါ နီးစပ်လျက်ပဲ ..
ငါ့ စိတ်ထဲမှာ ရှိတဲ့နင်နဲ့
နင့် စိတ်ထဲမှာ ရှိတဲ့ငါ ..
တကယ်တမ်းတော့ ထပ်တူကျလျက်ပါ။
နေဝင်ချိန်ကို နင် ကြည့်နေချိန်မှာ
နေထွက်ချိန်ကို ငါ မျှော်နေတာ…
ကမ္ဘာခြားနေသေးတဲ့ အချစ်ပေမယ့်
နင် နဲ့ ငါ ဆိုတာ ထာဝစဉ်ပါ။
(၁၀-၃-၂ဝ၁၁)
Comment #3
Thanks to both အသဲကွဲမိုး Vs genius.jinx28 :::::::::::)
By: pannei at Mar 11, 2011
Comment #5
he,,he,,
right,,right,,
yae myae tway char nay le ngar ka dot chit hmar pe,,
By: ei lay at Feb 3, 2012
Comment #7
he,,he,,,
hote,,,pannei.
today so much happy,so much exciting.
By: ei lay at Feb 4, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြိုက်သွားတယ်..ပန်းအိ အားပေးနေတယ်နော်…။