ငါတို့ခေတ်
ပညာဆိုတာနဲ့
သညာဆိုတာကို
ငါတို့တွေကွဲရဲ့လား
ငယ်ငယ်ကတည်းကခေါက်ရိုးကျိုးလာတဲ့
မှီခိုလိုစိတ်တွေက
အသက်အစိတ်ကျော်တာတောင်
ပျောက်ပါ့မလား
ကိုယ်ပိုင်အစွမ်းအစဆိုတာတွေက
မသုံးတာကြာတော့
သံချေးအထပ်ထပ်နဲ့ပေါ့
နံဘေးကကူညီပေးမယ့်သူနဲ့
အဆင်သင့်ခူးခပ်ပြီးသားNoteတွေက
ဘ၀အတွက် အာမခံချက်ရှိပါ့မလား…..
အရည်အသွေးနဲ့အရေအတွက်က
ငါတို့ခေတ်ရောက်ကာမှ
ပြောင်းပြန်အချိုးကျတော့မှာလား
ပညာဆိုတဲ့ရွှေအိုးက
လူမခိုးပေမယ့်
အိုးတော့ပေါက်တတ်တယ်
အစကတည်းကမရေရာတဲ့သိခြင်းတွေက
အချိန်ကြာလာတော့ဖမ်းဆုပ်မရတော့တာ
မဆန်းပါဘူး
ငါတို့လူငယ်တွေကမှ
ကိုယ့်အားကိုယ်မကိုးတတ်ရင်
အနာဂါတ်ကဘာအတွက်လဲ
တခါတလေကျတော့
မှီခှိုရတာကသက်သာပေမယ့်
အနာဂါတ်ကိုတွေးမိရင်
ရင်ထဲကလေးတယ်
ခေတ်နဲ့အညီဆိုတဲ့စကား
ကိုယ့်ခြေထောက်ပေါ်မရပ်နိုင်ဘဲ
မစဲတမ်းအော်မနေပါနဲ့တော့……….
အာမခံချက်နတ္တိနဲ့ပညာရေးစနစ်ကြား
ငါတို့မျိုးဆက်ရဲ့အနာဂါတ်တွေက
ဝေ…..ဝေ……….၀ါး…..၀ါး….။ ။
Comment #3
အဆင်သင့်ခူးခပ်ပြီးသားNoteတွေက
ဘ၀အတွက် အာမခံချက်ရှိပါ့မလား…..
အရည်အသွေးနဲ့အရေအတွက်က
ငါတို့ခေတ်ရောက်ကာမှ
ပြောင်းပြန်အချိုးကျတော့မှာလား
ကြိုက်တယ်….. အားလုံးကို…
Comment #1
စုနိုင် အားပေးသွားတယ်
ရင်ထဲကချစ်နေဖို့ကိုတော့
မင်းခွင့်ပြုပေးဖို့ကို
ငါတောင်းဆိုပါရစေကွာ…….။
အဲဒီစာသားလေး ကောင်းတယ်