နင်……… ခွင့်ပြုပေးပါ………..။
လိုအပ်တာထက် ပိုတယ်
ပြောခွင့်ရှိသမျှကလည်း လိုနေတယ်
ရင်ခွင်မှာ မြတ်နိုး
နင့်ကို အဆုံးအရှုံးမခံနိုင်တဲ့အတွက်…………..
ဒီတစ်သတ်စာ နင့်ရဲ့ဘေး……
ငါ့ရပ်တည်မှုတွေကို
နင်……..ခွင့်ပြုပေးပါ……။
မသိစိတ်က တောင်းဆိုတယ်
သိတဲ့စိတ်က လိုက်နာတယ်
နင့်နှုတ်ခမ်းက စကားတွေတိုင်း
ငါ့အရိပ် က နာခံလွယ်လို့
နင်စီမံပေးသမျှ အရာရာနဲ့…….
ငါ့အချိန်တွေ လည်ပတ်နိုင်ဖို့
နင်…..ခွင့်ပြုပေးပါ……..။
ပြောင်းလဲခြင်းကို ကန့်ကွက်ပြီး
အတိတ်ဆိုတာကိုပဲ အသက်သွင်းမယ်
မဝေးတော့တဲ့ နင်ပြောသော တစ်နေ့သို့…………
ငါအရောက်လှမ်း……….
နင်….စီစဉ်ခဲ့တဲ့ ငါ့မျှော်လင့်ချက်တွေထဲ
ငါ့အိပ်မက်တွေ ပုံဖော်နိုင်ဖို့
နင်…..ခွင့်ပြုပေးပါ…..။
Comment #3
ကေ..အားပေးသွားတယ်
Comment #4
နင့်ကို အဆုံးအရှုံးမခံနိုင်တဲ့အတွက်…………..
ဒီတစ်သတ်စာ နင့်ရဲ့ဘေး……
ငါ့ရပ်တည်မှုတွေကို
နင်……..ခွင့်ပြုပေးပါ……။
Comment #5
nice
Comment #7
really really nice.
Comment #8
မကေသရီရေ ရေလည်မိုက်တယ်ဗျကဗျာက အားပေးသွားတယ် ။
Comment #9
nin kwint pyu pay par
Comment #11
raad 5 times.
Comment #12
so good.
takal khon pyu thin per tal.
Comment #13
အရမ်းမိုက်တယ်ဗျာ
အဲ့လိုပညာရှိမျိုးနဲ့အပြင်မှာတွေ့ခွင့်ရှိရင်သေပျော်ပါပီဗျာ
Comment #1
လိုအပ်တာထက် ပိုတယ်
ပြောခွင့်ရှိသမျှကလည်း လိုနေတယ်
ရင်ခွင်မှာ မြတ်နိုး
နင့်ကို အဆုံးအရှုံးမခံနိုင်တဲ့အတွက်…………..
ဒီတစ်သတ်စာ နင့်ရဲ့ဘေး……
ငါ့ရပ်တည်မှုတွေကို
နင်……..ခွင့်ပြုပေးပါ……။