အပ္ပမာဒ
ကောင်းကင်ကိုဈာန် တန်ခိုးမှန်ဖြင့်
သမုဒ္ဒရာကိုကား သင်္ဘောများနှင့်
အမိုက်မှောင်ကြီး ထွန်းဆီမီးမှ
ကိုယ်စီနိုင်ရ ပညတ်ကြသော်
မသူတော်ဖို့ကား အဘယ်သို့နည်း။
ကမ္ဘာဖျက်မီး ငရဲကြီးတို့
ရှစ်ထပ်ကိုပါ ကျွမ်းလောင်ရာပင်
နှစ်သိန်းလေးသောင်း အထုပေါင်းသော
ဤမြေပံသု ကြေမွပြုဖို့
ကမ္ဘာဖျက်ရေ တိုက်စားပေသို့
ထို့သာမက မြင်းမိုရ်လှပင်
လွင့်စေကြောင်းပြု ကမ္ဘာ့လေထုများ
ကိုယ်စီနိုင်ရ ပညတ်ရသော်
မသူတော်တွက်ကား အဘယ်သူနည်း။
မသူတော်(ဟူသ)မျှ ဆွေမိဘဟု
မျိုးရိုးတော်စပ် ပဋ္ဌာန်းဆက်ကြောင့်
သွေးသားစပ်ဟပ် ပတ်သက်လျှက်နှင့်
ထိုသူမှီပြု မသူ(တော်)ဟုသာ
ကျား၏သားဆက် သမင်မမှတ်နှင့်
ပဒုမ္မာကြာရိုး ထက်ပိုင်းချိုးလည်း
အမျှင်မပြတ် ရှိနေလျှက်မို့
သူတော်ကောင်းမြတ် အဆက်ပြတ်လည်း
မေတ္တာဟူကား ပြတ်မသွားပေ။
လောဘကြိုးဆွဲ တဏှာထဲ၌
ကောင်းကင်ပျံဝဲ လင်းတမွဲပင်
ခွေးသေကောင်ပုပ် လောဘရုပ်ကြောင့်
မြေ၌ညွှတ်ကွင်း သက်ခါဆင်းတူ
ငါးသည်ရေနက် ကျက်စားလျှက်ပင်
တီကောင်ဝမ်းစာ ငမ်းအာသာဖြင့်
ငါးမျှားချိတ်မိ ရေတိမ်ထိသို့
ရဟန်းသံဃာ သာသနာ၌
လောဘအာမိ သမက်မိ၍
မာရ်နတ်လက်တွင်း ညွှတ်သက်ဆင်းရာ
သြ၀ါဒကထာ ရွှေကျင်ဆရာ(တော်)က
မိန့်မြွက်ညွှန်ကာ တရားပြရှာသည်
အပ္ပမာဒ ဓမ္မရသတည်း။
Comment #2
အပ္ပမာဒ ဆိုတာကို ကျွန်တော်က မမေ့မလျော့ခြင်း ( သတိရှိခြင်း ) လို့ နားလည်ထားတယ် အစ်မ။ အခု ဒီကဗျာကို ဖတ်ကြည့်တော့ အဲဒီလို သဘော မရဘူးလို့ ကျွန်တော် ခံစားရတယ်။ ကျွန်တော် ဥာဏ်မမီတာလည်း ဖြစ်နိုင်ပါတယ်။
ချီရွန် ( ပုလဲ )
Comment #1
လာဖတ်သွားပါတယ်။။။။။။။။။။။။