ငါမှားလား
ရန်သူအနံ့အသက်
သဲ့သဲ့ရတဲ့ ည . . .
သံပတ်ပေးထားတဲ့ ငါ့ဦးနှောက်တွေ
ခြေတွေပေါက်ပြီး လိုက်ပြေးနေတော့
ငါ့ရဲ့စိတ်တွေကို သော့ခတ်ထားမိ
အထပ်ထပ် တစ်ထပ်ပြီးတစ်ထပ်
ရေမကြိုက်တဲ့ ငါးတစ်ကောင်ကို
နေ့ခင်းမှာ အစာရှာတဲ့ ဇီးကွက်က
တရားခံလို အကြည့်နဲ့ကြည့်
ညှိတွယ်မိလို့ ရုန်းလေ . . .
ရုန်းလေ . . . နစ်လေ
နစ်လေ . . . ရုန်းလေ . . . ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service