သွားပါ
မသွားပါနဲ့
မသွားပါနဲ့….
မသွားပါနဲ့လား..
သူ့ခြေသလုံးကိုဖက် တောင်းပန်မယ်ဆိုလည်း
ဗူးဆို ဖရုံ မသီးတဲ့ သူမို့
သွားမယ်ဆိုမှ နောက်ပြန်မလှည့်
သွားကို သွားတော့မယ် သေချာတယ် ။
အဲဒီကို သွားမှ ဖြစ်မှာလား
မသွားလို့ မဖြစ်ဘူးလား
မသွားမဖြစ်သွားရမှာလား
သွားပါ . . . . . သွား. . . . သွား. . . .
သွားမယ်ဆိုလည်း . . . . အင်းပါ
. . သွားပါ..
နင်သွားမှ နင်ဖြစ်ချင်တာ ဖြစ်မှာလား
ဟိုရောက်ရင် နင်ဖြစ်ချင်တာ
ဒီမှာကော နင်ဖြစ်ချင်တာ မဖြစ်နိုင်ဘူးလား
ဒီမှာ မသွားဘဲ တို့နဲ့အတူနေပေးပါ
နင်ဖြစ်ချင်တာ အကုန်ဖြစ်စေရမယ်
နင့်ဖြစ်ချင်တာဆို နင့်အတွက်ဆိုရင်လေ
ငါ ဘာပဲ လုပ်ရ လုပ်ရ
နဖူးက ခြေဖျားထိ ချွေးဒီးဒီးကျ
ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း
နေ့မအား ညမနား အလုပ်တွေ
အစွမ်းကုန် ကြိုးစား လုပ်ပေးမယ် ။
ငါ့ဘေးနား နင်နေပါ
မနေချင်လည်း အဝေးကို ထွ့က်မသွားပါနဲ့လား
နင်ရှိနေရင် ငါကျေနပ်တယ်
ဒါပေမယ့်
နောက်ဆုံးတော့
နင် သွားတာပဲနော်
အင်းလေ နင်သွားမှ သိမယ်ဆိုလည်း
သွားပါ….
သွားပါတော့
နောက်ဆုံးတော့ သွားပါစေတော့
ငါလည်း
ငါ နဲ့ ငါ နေတတ်သလို…….
……………………………..။
Comment #3
hin,,,,
twar par bu,
a tin g pe.
hnin nay dot dar pe,
bar loak mi loh le loh?
hint…
ma twar par ya say ne.
ma twar par ya say ne.
ma twar par ya say ne.

Comment #1
သွားပါ….
သွားပါတော့
နောက်ဆုံးတော့ သွားပါစေတော့
ငါလည်း
ငါ နဲ့ ငါ နေတတ်သလို…….
အားပေးသွားပါတယ်