အရိုးသားဆုံးရင်ဆိုင်မည်
အရိုးသားဆုံးရင်ဆိုင်မည်
တစ်ကယ်တော့ အချစ်သည် စဖြူရောင်စက္ကူပါးတစ်ရွက်
ဒါကို…. လောဘအရောင်ဆိုးလို့ အနားမှာအမြဲပဲ သူမကိုရှိစေချင်
အတ္တဤရောင်ဆိုးပြီး ငါ့ကိုမှ ပြန်ချစ်စေချင်တာ
မောဟအရောင်ဆိုး ဘာကြောင့်မှန်းမသိ သူ့မျက်နှာလေးကိုကြည့်ချင်နေလို့
မာနအရောင်ဆိုး ငါ့အချစ်ကိုမင်းအသိအမှတ်မပြုလို့
ဒေါသအရောင်ဆိုး ငါ့အချစ်ကို မင်းအသိမှတ်မပြုလို့
သောကအရောင်ဆိုး မျက်ရည်မိုးတွေ စွေခဲ့တော့
အာ!…. အခုတော့စက္ကူဖြူရဲ့အလှက အရောင်တွေဖုံးလို့ညစ်နွမ်း
ဒါကိုမှ အဟုတ်ကြီးထင် Modern Art ပန်းချီတစ်ချပ်ကိုငါရေးမိပေါ့
အရောင်တွေ ဖိစီးနှိပ်စက်လို့
အမောဖောက်တဲ့ဒဏ် ခံနိုင်မရှိတော့
သေကြောင်းကြံ တစ်ခါထပ်မတွေး ရအောင်
အရောင်တွေခွဲထုတ် အချစ်ကို အဖြူလေးပဲထားမယ်
အရိုးသားဆုံးရင်ဆိုင် အရာင်တွေမဆိုးနဲ့တော့
ဒါပေမယ့်……….ငါ
အရောင်လွန် နယ်နိမိတ်ထဲမှာ
မရှိခြင်းတွေကို ထွေးပွေ့ရင်း
အဖြူရောင် ရင်ခုန်သံတွေဖြင့်
သူမနဲ့အဝေး ငါနေနိုင်ပါ့မလား……..
နွေကိုမျှော် ဥသြသံချို
သီကာဆို သူမသိဘူးပေါ့
မျှော်ရင်းသာ ငြီးမိတော့……..
နွေကိုမျှော် ပိတောက်ပန်းတို့
ပန်ချင်သူ သူမရှိတော့
ကြွေရင်းသာ စောင့်မိပေါ့……
နွေကိုမျှော် ငါ့အချစ်တို့
ပဲ့တင်သံ ပြန်ကြားမယ်
ငါမျှော်ရင်းပေါ့……..
နေ့သစ်
14.1.2010
ကြာသပတေး
11.am to 2.30Pm
Comment #3
အင်း..ဒါကြောင့် ကြီးမိုက်လို့ပြောတာနေမယ်… 😀 (စတာနော်) ……. 😛
Comment #1
အရောင်တွေခွဲထုတ် အချစ်ကို အဖြူလေးပဲထားမယ်
အရိုးသားဆုံးရင်ဆိုင် အရာင်တွေမဆိုးနဲ့တော့
အမှန်ဘဲ..အရောင်တွေခွဲထုတ်ထားတာ အကောင်းဆုံးပဲကိုနေ့သစ် 🙂
ဒါဆိုခံစားရပိုသက်သာမှာပါ…