လှပသောအရှုံး
လှပသောအရှုံး
♥ နိုးစက်သံကြားတာတောင်
အိပ်မပျက်ခဲ့တဲ့ကျွန်တော်
ခုတော့…
လင်းကြက်မတွန်ခင်ကတည်းက
ခြင်ထောင်သိမ်းပြီးနေပြီ…….
♦ ကျောင်းခေါင်းလောင်းသံကြားရင်
ကြောက်နေတက်တဲ့ကျွန်တော်
ခုတော့…
ခရာမှုတ်သံတွေကြားမှာ
နားယဉ်နေခဲ့ပါပြီ……
♣ အချိန်ဆိုတာဘာမှန်းမသိ
ရေလိုသုံးဖြုန်းတီးခဲ့တာတွေ
ငါအတော်နောင်တရနေပြီ……
♥ လှပတဲ့နေ၀င်ဆည်းဆာချိန်တွေ
လွမ်းမောဖွယ်ကြိုးကြာငှက်တို့ရဲ့
အိမ်ပြန်ချိန်တွေနဲ့
မာကြူရီမီးတွေအောက်မှာ
ချစ်သူနဲ့အတူတွဲလျှောက်ခဲ့တာတွေ
ခုတော့…
ငါတမ်းတမှန်းဆကာသာလွမ်းနေရပါတယ်……
♦ နွေးထွေးတဲ့မိဘမေတ္တာကိုအလေးမထား
ထင်ရာစိုင်းခဲ့တဲ့သားဆိုးတစ်ယောက်
ခုတော့…
ပြင်းထန်တဲ့လေ့ကျင့်မှုတွေအောက်မှာ
တစ်ခါတစ်လေအမေ့အိမ်ကိုလွမ်းမိပါရဲ့……
♣ “ သား ဘာဟင်းနဲ့စားမလဲ ”
သြော် – ဒါသားချစ်တဲ့မေ့မေ့ရဲ့အသံ
ဒီအသံမကြားရတာတောင်
အတော်ကြာခဲ့ပါပြီလား…
Formula ချထားတဲ့စားသောက်မှုတွေအောက်မှာ
အမေ့အိမ်ကထမင်းဝိုင်းလေးကိုသတိရမိပါရဲ့……
♥ သိပ်ချစ်ရတဲ့ချစ်သူလေးရယ်
အနေဝေးသွားလို့စိမ်းကားသွားမှာ
စိုးရိမ်မိတယ်ကွာ
ဒါပေမဲ့ မင်းနားလည်မှာပါ
ဒါ မောင့်ဘ၀ပဲလေ……
♦ ငါ့ရဲ့လူငယ်ဘ၀အလှတရားတွေက
လှလှပပကြီးကိုနိဠိတံသွားခဲ့ပြီ
ခါးသက်လှတဲ့နေ့ရက်တွေကို
အလွမ်းတွေနဲ့မောပန်းစွာဖြတ်သန်းခဲ့ရတဲ့
ငါ့ရင်ဘတ်ကြီးထဲမှာ
ခုတော့…
ဒါဏ်ရာတွေနဲ့ပြည့်နက်နေခဲ့ပြီ……
♣ အသင်လောကကြီးရေ
ငါ့ကိုတစ်ချက်လောက်ရှင်းပြပေးပါလားကွာ
လှပတဲ့လူငယ်ဘ၀ဆိုတာဘာလဲလို့……????
လွန်းရနောင်
Comment #1
ကောင်းတယ်။။
နိုးစက်သံကြားတာတောင်
အိပ်မပျက်ခဲ့တဲ့ကျွန်တော်
ခုတော့…
လင်းကြက်မတွန်ခင်ကတည်းက
ခြင်ထောင်သိမ်းပြီးနေပြီ……