ပိတောက်ရဲ့ဒဏ္နာရီ
ဘယ်လိုအကြောင်းနဲ့မှ
နမ်းရှိုက်ခွင့်မရတော့တဲ့
ပိတောက်ရယ်
ငါမရှိပေမယ့်
နင်ကတော့ အချိန်မှန်မှန်
အချစ်တွေ ဝေလို့၊၊
ငါကိုက တွေဝေနေခဲ့တာ
တကယ်ဆို
ငါမရှိလဲ
အရာရာတိုင်းက
ပုံမှန်လည်ပတ်နေမှာပဲ၊၊
ဒီတော့……
ဘယ်အရာမှ ကျန်ရစ်မနေတတ်တဲ့
နင့်နှလုံးသားမှာ
နေရာတစ်ခုကို မျှော်လင့်ခြင်းက
ငါ့အတွက်…….
ဒဏ္နာရီကို ကိုးကွယ်ခြင်းပဲပေါ့၊၊
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘယ်လိုအကြောင်းနဲ့မှ
နမ်းရှိုက်ခွင့်မရတော့တဲ့
ပိတောက်ရယ်
ငါမရှိပေမယ့်
နင်ကတော့ အချိန်မှန်မှန်
အချစ်တွေ ဝေလို့၊၊
ငါကိုက တွေဝေနေခဲ့တာ
တကယ်ဆို
ငါမရှိလဲ
အရာရာတိုင်းက
ပုံမှန်လည်ပတ်နေမှာပဲ၊၊
ဒီတော့……
ဘယ်အရာမှ ကျန်ရစ်မနေတတ်တဲ့
နင့်နှလုံးသားမှာ
နေရာတစ်ခုကို မျှော်လင့်ခြင်းက
ငါ့အတွက်…….
ဒဏ္နာရီကို ကိုးကွယ်ခြင်းပဲပေါ့၊၊
တစ်ပုဒ်လုံးကောင်းတယ်…..။