နှစ်လုံးထဲ နဲ့  အသက်ရူကျပ်တယ်
အချစ် တဲ့ 
နှစ်လုံးထဲ နဲ့ နှလုံးသားတစ်ခုလုံးဗြောင်းဆန်သွားရစေတယ်
ဘ၀တစ်ခုလုံးလဲ ကျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ ရစေတယ်
တည်ငြိမ်မှု့ တွေကိုလဲ ၀ါးမျိုသွားခဲ့ တယ်
အိပ်စက်ခြင်းတွေကိုလဲ သိမ်းပိုက်ခဲ့ တယ်
အမှန်အမှား ထိမ်းချုပ်နိုင်ခြင်းတွေကိုရိုက်ချိုးတယ်
အလွမ်း တဲ့ 
နှစ်လုံးထဲ နဲ့ နာကျဉ် တွေဝေစေတယ်
သက်ပြင်းမောတွေကိုထုတ်စေတယ်
ရင်ခွင်တစ်ခုလုံးကို ကျွမ်းလောင်စေတယ်
အရာရာကိုစိတ်ဝင်စားမှု့  မရှိ မေ့ မြောစေတယ်
ရင့် ရင့် သီးသီးဖြစ်လာတဲ့ အခါ မျက်ရည်တွေကိုဖန်ဆင်းတယ်
ဘယ်အရာမှ မသက်သာပါလားကွယ်
Comment #3
……………..။
By: sawmyawadi at Mar 18, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အင်း
တရားနဲ့သာ ဖြေတော့ဗျာ….
အလွမ်းငွေ့တွေ မြင်နေရတယ်…