ဖြူစင်ဆုံး စကားလုံးအတွက်
ရိုးအလွန်းတဲ့ ငါ့ပါးစပ်
စက်သေနတ်နဲ့ ငါပစ်ချင်တယ်
ဟာဟ
သားကောင်တစ်ကောင်အတွက်
ငါဟာ မုဆိုးဖြစ်ခဲ့ရတယ်
ဘဂ္ဂဒတ်က ထကွဲမဲ့ဗုံးဟာ
မင်းမဟုတ်ခဲ့ရင်
မင်းခန့်သူ လဲ ငါမဖြစ်နိုင်ဘူး
ကဗျာတစ်ပုဒ်ကို ထုစစ်တိုင်း
ငါ့ရင်ဘက်က ထွက်ကျလာတဲ့ ကာရနန်တွေဟာ
အချစ်ကင်းမဲဇုန်ထဲ ခုန်ဆင်းနေတယ်
အရှုံးတွေနဲ့ပဲ နေသားကျနေတဲ့ငါ
အဲဒီအရှုံးကိုလည်း
ငါဥပေက္ခာပြုတတ်လာတယ်
ဆောင်းအကုန် နွေအကူး
လေရူးတွေတိုက်သလို
ငါ့ရဲ့စိတ်တွေလည်း
ပရစ်ဖူးလေးတွေနဲ့အတူ
ဘ၀ကို အသစ်တွေ အသစ်တွေ
စခဲ့ပေါင်းလည်းများပြီ
ဘယ်တော့မှ အကင်းမသေနိုင်တဲ့ ငါ့စိတ်တွေဟာ
ငါ့အတွက်တော့
ပန်းတိုင်ဆိုတာ ရှာလေဝေးလေပါပဲ
ပန်းတိုင်ဆိုတာ ရှာလေ ဝေးလေပါပဲဗျ ။ ။
Comment #1
မိုက်တယ် ..
အားပေးပါတယ် …