ပြောချင်မိတာတွေ (သက်ထွေး)
အခမ်းနားဆုံး
ပြင်ဆင်ခဲ့တယ် …
တစ်နေရာရာကို ခေါ်သွားပါ …
တစ်ယောက်ယောက်နဲ့ ပေးတွေ့ပါ …
တစ်ခုခု မေးပါ …
မှန်ပါတယ်
ဘယ်သန်ပါ …
တစ်ယူမသန်ပါဘူး …
စိတ်ကူးတွေရှိပါတယ် …
ဗိုသီဗတ်သီပါပဲ
အစီအစဉ်တကျပဲ ကျရှုံးကြည့်ချင်ပါတယ် …
ပုရွက်ဆိတ်လို နှာခေါင်းမျိုးနဲ့
လာလာ မရှုံ့ပါနဲ့ …
ထင်သလိုပဲ
မွှေးလွန်းတဲ့ ရေမွှေးတွေက
ခါးလွန်းပါတယ် …
တစ်ကျိုက်လောက်ငှဲ့ပါ …
အားရပါးရရယ်ပါ …
တစ်ခေါက်လောက်ဖြစ်ဖြစ် …
အလှည့်စားလွယ်လွန်းတဲ့ မျက်လုံးတွေ
ယုံကြည်ဖူးပါစေ ..
အဆင်မပြေရင်
ပြန်လာလဲပါ …
ကမ္ဘာမှာ အစားထိုးမရနိုင်တာ
အမေနဲ့ မျက်ရည်ပဲရှိပါတယ် …
ခေါင်းညိတ်လိုက်ရန် ခက်ခဲလွန်းတဲ့အခါ
လှည့်ထွက်သွားမယ်ဆိုလည်း
သွားပါ …
တစ်နိုင်တစ်ပိုင် ညနေခင်းတွေ
သယ်လာဖို့ရာ
နည်းနည်း စောလွန်းပါသေးတယ် …
ရင်ဘတ်ချင်းမနီးနိုင်တဲ့အခါ
ရင်ခုန်သံချင်းဝေးလိုက်ကြရုံပါပဲ။ ။
သက်ထွေး
၁၇ မတ်လ ၂၀၁၁ နေ့လည် ၁၂း၁၇
Comment #2
Hi
By: Nyi Khant at Mar 19, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အခမ်းနားဆုံး
ပြင်ဆင်ခဲ့တယ် …
တစ်နေရာရာကို ခေါ်သွားပါ …
တစ်ယောက်ယောက်နဲ့ ပေးတွေ့ပါ …
တစ်ခုခု မေးပါ …
မှန်ပါတယ်
ဘယ်သန်ပါ …
တစ်ယူမသန်ပါဘူး …
စိတ်ကူးတွေရှိပါတယ် …
ဗိုသီဗတ်သီပါပဲ
အစီအစဉ်တကျပဲ ကျရှုံးကြည့်ချင်ပါတယ် …
/*ပြောချင်မိတာတွေကို ငေးပြီး နားထောင်သွားပါသည်.. */
အားရပါးရရယ်ပါ …
တစ်ခေါက်လောက်ဖြစ်ဖြစ် …
အားရပါးရရယ်ပါ …
တစ်ခေါက်လောက်ဖြစ်ဖြစ် …
အားရပါးရရယ်ပါ …
တစ်ခေါက်လောက်ဖြစ်ဖြစ် …
/*အဲ့နှစ်ကြောင်းကို အကြိမ်အကြိမ် ရွတ်နေမိလိုက်လို့ သုံးခါတောင်ရေးသွားတာာာ*/
ကမ္ဘာမှာ အစားထိုးမရနိုင်တာ
အမေနဲ့ မျက်ရည်ပဲရှိပါတယ် …
/* မှန်လွန်းတယ် (: */
ခေါင်းစဉ်လေးမှ အစ ကဗျာတစ်ပုဒ်လုံးကို အများကြီးကို ကြိုက်တယ်…
big big clappinggggggggggggg***************777777777777777777777