နှလုံးသားမရှိတော့တဲ့ငါ
ရေဆာနေခဲ့သောအတိတ်
အလင်းလေးခွင်းလို့
ဆန်းတဝါးဝါး
ငါရှာနေအုံးမဲ့ မနက်ဖြန်များ
အဆုံးသတ်နိုင်ဖို့
မင်းရဲ့အချစ်တို့ မျှဝေပါ။
ပြီးဆုံးပြီလို့သတ်မှတ်
မပြီးဆုံးနိုင်တဲ့ ငါ့ဘက်
တစ်ချက်တော့လှည့်ကြည့်ပါ
ငိုကြွေးသံများနဲ့အတူ
မျက်ရည်များလည်း
ငါ့ပါးပြင်ထက်
စီးဆင်းနေပြီလေ။
ပြန်လှည့်မကြည့်နဲ့ချစ်သူ
သွားမယ့်ဆုံးဖြတ်ပြီးရင်
ထားခဲ့လိုက်ပါ
ဒီလူအသည်းဟာ
သံမဏိမဟုတ်ပေမဲ့
မင်းပျော်ရွှင်စေဖို့
နောက်ဆုံးပြုံးနိုင်ပါတယ်။
သြော်ချစ်ခဲ့ရသူရယ်..
“my heart belongs to you”
မင်းမှမယူချင်ရင်
ငါကိုယ်တိုင်တောင်မယူချင်တော့ပါဘူး
မင်းထားခဲ့သောနေ့
ငါ့နှလုံးသားငါထားခဲ့ပါတယ်
အချစ်တွေရှိတဲ့ရောင်စုံကမ္ဘာမှာ
ပေးခဲ့ပြီးသောငါ့နှလုံးသား
ဘယ်သူ့အရောင်မှမတင်ချင်တော့ဘူး
နှလုံးသားမရှိဘဲနဲ့
ငါလျှောက်လှမ်းတော့မယ်။
Comment #3
ပန်လှည့်မကြည့်နဲ့ချစ်သူ
သွားမယ့်ဆုံးဖြတ်ပြီးရင်
ထားခဲ့လိုက်ပါ
ဒီလူအသည်းဟာ
သံမဏိမဟုတ်ပေမဲ့
မင်းပျော်ရွှင်စေဖို့
နောက်ဆုံးပြုံးနိုင်ပါတယ်။ (thank)
Comment #4
great.
me too.
Comment #5
i like so much.
Comment #7
u r welcome.
really really like so much.
Comment #8
ပြန်လည်တင်ပြဖွင့်ပြုပါနော်
Comment #1
မင်းထားခဲ့သောနေ့
ငါ့နှလုံးသားငါထားခဲ့ပါတယ်
အချစ်တွေရှိတဲ့ရောင်စုံကမ္ဘာမှာ
ပေးခဲ့ပြီးသောငါ့နှလုံးသား
ဘယ်သူ့အရောင်မှမတင်ချင်တော့ဘူး
နှလုံးသားမရှိဘဲနဲ့
ငါလျှောက်လှမ်းတော့မယ်။
ကေအက်(စ်)အို အားပေးနေတယ်