ဝေဒနာ အမှတ် ( ၁ ) ( လူမော်ငြိမ်း )
အသက်လောက် ချစ်တယ်လို့ မပြောဝံ့ပါဘူး ။
အချစ်က အသက်ဖြစ်လာလို့ ခက်နေရတယ် ။
အော်နေပေမယ့် အသံမထွက်ဘူး ။
ငိုနေပေမယ့် မျက်ရည်မကျဘူး ။
မြိုသိပ်ရင်း အသိဥာဏ်တွေ
အငွေ့ပျံတော့မယ် ထင်ပါရဲ့ ။
သောကတွေ စီးပိုးထားတဲ့
ငါ့ခန္ဓာဟာ ဘာအသုံးကျသလဲ ။
ဟန်ဆောင်တတ်ပေမယ့်
သည်းခံနိုင်ဖို့ ကျတော့ ခက်တယ် ။
ဒီတော့ … အခု ငါ့မှာ
ပူနွေးစီးကပ်နေရတယ် ။
ဖြေပါ … ဘယ်လိုငြိမ်းသတ်ရပါ့မလဲ ။
လူမော်ငြိမ်း
Wednesday , March 23 , 2011
Comment #3
အမှတ်(၂) ဖတ်ပီးမှ (၁) ဖတ်ရတာဆိုတော့…(၂) ကိုပိုကြိုက်တယ်.. 🙂
By: ရွှေငါး at Apr 9, 2011
Comment #7
like this poem xooo much
By: athaekwelmoe at Apr 1, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒီတော့ … အခု ငါ့မှာ
ပူနွေးစီးကပ်နေရတယ် ။
ဖြေပါ … ဘယ်လိုငြိမ်းသတ်ရပါ့မလဲ ။ ။
် အရံမီးသတ် သမားကို ခေါ်ပေးရမလား ဟဲ ဟဲ စတာပါ ကို လူမော်ငြိမ်း
ကောင်းတယ် အားပေးသွားတယ် ။