နိစ္စဓူဝ ဆေးသား ( လူမော်ငြိမ်း )
တံခါးကို အလျင်စလို မဖွင့်လိုက်ပါနဲ့ဦး ။
ကျွန်တော့်ဘက်မှာ အသင့် မဖြစ်သေးလို့ပါ ။
ဘဝကို အနုပညာပေါ် တင်ထားတဲ့အခါ
ရောင်နီ လာသံ တချက်ချက် နဲ့
ကြယ် အော်သံ တဖျတ်ဖျတ် တင်မက
ဝင်သက် ထွက်သက် တွေပါ … အာရုံမှာ ခါးတယ် ။
ကျွန်တော် ချစ်တဲ့ အမေ … ပြောနေကြ စကားက
“ ဝမ်း မ ဝမယ့် စာသားနဲ့ သက္ကရာဇ်ကို စားတဲ့ ငါ့သား ” … တဲ့ ။
ဟော … … … ဒီမြို့ကလေးနဲ့ အိပ်မက်တွေ ပေါ်မှာ
အစင်းစင်းသော ရထားများရဲ့ ဥသြသံတွေ ဆူညံသွားတယ် ။
လူမော်ငြိမ်း
Wednesday , March 23 , 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဝမ်း မဝမယ့် စာသားနဲ့ သက္ကရာဇ်ကို စားတဲ့ …….. 🙂