အသိတစ်ဝက်
ငါစဉ်းစားခဲ့ဘူးတယ်။
ဘဝဆိုတာ အိပ်မက်လားလို့…
ဖြစ်တည်ခြင်းဆိုတာ
ပြိုပျက်ဖို့လားလို့…
မရှိဘူးလို့ထင်တဲ့အရာတွေ
တကယ်ရှိလားလို့…
ဒါကိုလူတွေက နံမည်တပ်ကြတယ်။
ငပေါတဲ့။
တခါတုန်းက ငါ့အိပ်မက်တွေ
မိုးရေ အဖြစ် ပင်လယ်ထဲ မျောပါဘူးတယ်။
ပြန်မရတဲ့အတိတ်တွေ
ပစ္စုပ္ပန် မှာ ဆောင်းအိပ်မက်ဖြစ်ဖူးတယ်။
ယုံကြည်ထားတဲ့ အနာဂတ် တခုတည်းအတွက်နဲ့
မိုးခါးရေ မသောက်တော့
ငါက အရူးတဲ့။
စစ်ပွဲ…
မီး…
အချစ်… တွေကို တဂိုဏ်းထဲထားတော့
သံယောဇဉ် ကိုတောင်
ခပ်ကင်းကင်းနေချင်လာတယ်
လူညီရင် ဤဟာ ကျွဲဖြစ်
ဆိုတော့…
ယိုင်နဲ့လာတဲ့ အသိနဲ့
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
လက်ထဲက သုညလည်း
ဘောင်ဘင်ခတ် လာတယ်။
ငါစဉ်းစားခဲ့ဘူးတယ်…..
………………………။
အဲဒီ့ သုည ဘယ်တော့ပြန်ပြည့်ဖြစ်မလဲလို့။
သားငယ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service