မရေးချင်တဲ့ မယ်လိုဒီ
အလွမ်းဆိုတာ ..
နှုတ်မဆက်ဘဲ…
ထွက်ခွာသွားတဲ့ ..
ရှေးခေတ် ရထားတစ်စင်းပေါ့…
နတ်သမီးပေါက်စလေးရယ်..
တစ်ကယ်တော့ ..
မေးခွန်းတွေဆိုတာ ..
အဖြေကို စောင့်နေရတဲ့..
သတို့သမီးတစ်ယောက်လိုဘဲ….တဲ့
ငါ့ကိုမျက်လုံး ပြူးပီးတော့…
မကြည့်ပါနဲ့…
မရီချင်ဘဲ လူတွေကို ရယ်ပြရတာ…
မောတယ်..
အလင်းလေးတွေ ထ အအက်…
ငါ့ဂစ်တာရဲ့ မယ်လိုဒီ..
အဆင်းအတက်မှာ…
ကြောင်ပေါက်လေးအတွက်…
သီချင်းတွေ ညှပ်နေရှာတယ်…
အသဲကွဲတယ် ဆိုတာ…
လေ့ကျင့်ခန်း မဟုတ့်ဖူး..
သံယောဇဉ် အကြွင်းအကျန်လေးတွေ
ဆီလောင်းပြီး မီးရှို့…တော့
မင်းရဲ့ ရယ် သံ ခပ်ကျဲကျဲ လေးတွေ….က
ဟိုး ရင်ဘတ် အတွင်းပိုင်း က
လှိုင်တတ်လာတယ်….
သိလား..
မင်းကို ရုပ်တည်လေး လွမ်းနေတာ..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service