ဘယ်လိုလုပ်ရပါ့…?
မင်းနှုတ်ခမ်းက ဖူးပွင့်မယ့် စကားသံမျှော်ရတာလဲ
နေလာရာ လှမ်းငင့်တဲ့ နေကြာပန်းပွင့်လိုပါပဲ….
မင်းကိုစောင့်တဲ့ ငါ့ခြေထောက်တွေလဲ အမြစ်အတက်တွေထွက်
အကိုင်းလက်တွေ ဝေဆာ အပင်တခုရဲ့ ၀ိသေသတောင် ဖြစ်နေပါပြီ…
မင်းအနားကို တိုးလာတဲ့ငါ လေပြေတွေက တိုးတိုးပြော
ငါတို့နေရာ လာခိုးတဲ့သူပါဆိုပြီး သူတို့ခမျာ ငိုညည်းနေပါပြီ…
မင်းဘက်ကတော့ နင်လာရင် ငါပြန် တစိမ်းတရံဆန်ဆန်ပဲ ပြောမလား
နေအထွက်နဲ့ လအ၀င် ခဏလေးတောင် မဆုံချင်ဘူးဆိုမှတော့
ငါလဲ.. နောက်တနည်း ကြံရဦးမှာပေါ့…
လေလွင့်တိမ်
Comment #2
be lo hma ma loak ne,
de de tar win toe,
p yaw, 😉 😉

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မင်းဘက်ကတော့ နင်လာရင် ငါပြန် တစိမ်းတရံဆန်ဆန်ပဲ ပြောမလား
နေအထွက်နဲ့ လအ၀င် ခဏလေးတောင် မဆုံချင်ဘူးဆိုမှတော့
ငါလဲ.. နောက်တနည်း ကြံရဦးမှာပေါ့…