ရတနာ (၇) – မောင်စိန်ဝင်း (ပုတီးကုန်း)
တစ်သက်တာ ထာဝရ၊
တစ်မျက်နှာသာ တစ်ဘဝလို့ထင်ပါတယ် … ။
သူမေ့စေတော့ရယ်လို့၊
မတွေ့အောင် တမင်ထိန်း၊
ခပ်စိမ်းစိမ်း နေပါမယ် … ။
တစ်နေ့တစ်ရက်တောင်မှ၊
အတွေ့ခက်လျှင် ဘယ်လိုမျှော်လို့၊
ဘယ်လိုနော် ရင်မှာရှိလေမလဲ၊
သူသိမယ်ထင် ထင်ရဲ့၊
ခင်ခင်ရယ် သည်ရင်ကျွမ်းပြီပေါ့၊
အလွမ်းဆုံး နေ့တွေရယ်၊
မေ့နေမယ်လို့ ထင်သလား … ။
အနေဝေးပေမယ့်၊
အတွေးမှာ နှစ်ကိုယ်ဆုံရဲ့၊
ဘယ်လိုပုံ ဘယ်လိုလွမ်းတယ်ကွယ့်ရယ်လို့၊
ဖွဲ့နွဲ့ကာ သောကဇာတ်ကိုလည်း၊
ပြောပြတတ်လျှင် သူငိုချင်မလား၊
ငြိုငြင်လျှင် ကိုယ့်အပြစ်ပါပဲ၊
သိပ်ချစ်သူ သူစိမ်းရုပ်နဲ့၊
ထိမ်းချုပ်စေသား။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းချက်က 9 လောက်ရှိတယ် XD
Blog မှာ ပြန်တင်လိုက်မယ်.. .. ကိုယ့်ကိုယ် ပြောနေသလိုပဲ .. good 😉