လောကဓံ
ရွှေမှန်ကင်းများ၊
အခြေကြွားသော်၊
ထင်းသားအနေခက်လိမ့်မည်။
တစ်နေ့ကြုံပြန်၊
လောကဓံကြောင့်၊
ရွှေမှန်ကင်းတို့၊
အနေချို့၍၊
မြေသို့သက်ဆင်း၊
အခြေယွင်းသည်၊
မှန်ကင်းလည်းထင်း-ထင်းလည်းထင်း။ ။
လွန်ခဲ့တဲ့ ၂၄-နှစ်က ကျနော်ရေးခဲ့တဲ့ ကဗျာအဟောင်းလေးပါ … ကဗျာရွာမှာ အရင်ဆုံးစတင်ခဲ့တဲ့ ကဗျာတွေထဲမှာ ဒီတပုဒ်လေး အမှတ်တရ မို့ တင်လိုက်ပါတယ်။
မိုက်ပင်ပျိုးလို့ မိုက်ဆိုးမှန်နေဆဲသူများအတွက် လောကဓံဆိုတာ ဒီလောကကြီးမှာ ရှိနေသေးပါကြောင်း ….
ဟယ်ရီ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လွန်ခဲ့တဲ့ ၂၄ နှစ်ကဆိုတော့ … ကိုဟယ်ရီ့ အသက် ၄၀ ကျော်ကျော်လောက်ကပေါ့ … မိုက်ပါ့ဗျာ … ဒီကဗျာ အလွန်ကြိုက်ပါတယ်