ဇာတ်သိမ်းမကောင်းတယ့်ပြဇာတ်
ငါ့ဘေးနားက
တရွေ့ရွေ့ထွက်သွားတယ့်နင့်ကို
ငါပြေးပြီးတားချင်တယ်။
“ကျေးဇူးပြုပြီးငါ့အနားကထွက်မသွားပါနဲ့လား”။
လူတွေကပြောတယ်
ငါကမာနကြီးတယ်
လူတွေကစွပ်စွဲတယ်
ငါကတကိုယ်ကောင်းဆန်တယ်
ဒါပေမယ့်…ဒါတွေဟာနင့်အတွက်ပါချစ်သူ
နင်ကစားခဲ့တယ်
ငါ့အသည်းနှလုံးကို……
နင်ဟားတိုက်ခဲ့တယ်။
ငါ့မျက်ရည်ကို…..
နင်နင်းခြေခဲ့တယ်
ငါ့ဘ၀ကို…
နင်ငါ့ကိုမချစ်တာသိပေမယ့်
ငါမျက်စိမှိတ်ဇွတ်မိုက်ခဲ့တယ်
သံယောဇဉ်မပါတယ့်ချစ်ခြင်း
သစ္စာကင်းတယ့်မေတ္တာ
ပြေလည်တာမရှိတယ့်ဆုံတွေ့ချိန်
နားလည်မှုမရတယ့်ခံစားချက်
ပျောက်ဆုံးနေတယ့်ယုံကြည်မှု
ရှာမတွေ့နိုင်တယ့်ကိုယ်ချင်းစာတရား
နင်တောင်ပေးရက်ခဲ့သေးတာပဲ
ငါဘာလို့မယူရဲရမှာလဲ…
စိတ်ချပါချစ်သူ
နင့်ရှေ့မှာငါ
ဘယ်တော့မှမျက်ရည်မကျစေရဘူး
နင်လည်းအတ္တကြီးသလိုငါလည်းမာနကြီးတယ်
နင့်ကြောင့်ငါငိုရှိုက်သံ
ငါ့အခန်းနံရံကလွဲ ဘယ်သူသိမှာလည်း။
နင်နဲ့ငါ့ကြားကအလွဲတွေကို
ကြည်နူးစရာအဖြစ်ငါသတ်မှတ်
နင်ပေးတယ့်အဆိပ်ခွက်ကိုအချိုရည်အမှတ်နဲ့ငါသောက်ခဲ့တယ်
“အကြံတူရန်သူ”ဆိုတယ့်စကားကိုလက်ကိုင်ထားပြီး
ငါကတော့အချစ်တွေပုံအောရင်း
နင်ပြောရက်တာက”အသွင်တူမှအိမ်သူ”ဖြစ်တာတယ့်လား….
ငါ့ကို”တာ့တာ”လို့လက်ပြနှုတ်ဆက်ပြီး
ပေါ့ပေါ့လေးထွက်သွားတယ့်နင့်ကို
ငါပြေးပြီးတားချင်ပေမယ့်
ငါ့မာနနဲ့ခံပြင်းစိတ်တွေက
ငါ့ခြေထောက်ကိုတုတ်နှောင်ထားရင်း..
ငါအော်ပြောလိုက်ချင်တယ်
“နင့်ကိုသေလောက်အောင်စိတ်နာတယ်”
“ပျော်ရွှင်ပါစေ”
နင်နောက်ဆုံးပေးခဲ့တယ့်ဆု
ပြည့်ပါစေလို့ငါဆုတောင်းခဲ့ပေမယ့်
ငါတောင်းတယ့်ဆုကအခုထိမပြည့်သေးတာလည်း
ငါ့ကံပဲပေါ့ဟာ။။။။။