အရိပ်
မောင်းထုတ်နေ ရင်လည်းသွားပေါ့
ငါ့ရွက်ကြွေတောအကြောင်းငါပဲသိတယ်
ထီးတစ်လက်ရဲ့ရာဇ၀င်မှာ
မိုးစက်နည်းတယ်
လူဝင်လူထွက်ကျဲတယ်
အမြဲစိမ်းတစ်ခုကိုမထမ်းထားနိုင်တော့
ရာသီပြောင်းရင်
ပြန်မလာတဲ့လူကိုပဲလွမ်းတယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရိပ် ကို ၀င် အားပေးသွားပါတယ်… ကြိုက်တယ်..