သဘာဝ
သဘာဝ ဆိုတာက
နေရင်းထိုင်ရင်း ပြောင်းလဲ ….
မထူးပါဘူး ၁၉ ရာစုတုန်းကလိုပါပဲ
တစ်ခါတစ်ခါ
ချက်ကော့ရဲ့ လူနာဆောင် အမှတ် ၆ ထဲ ရောက်နေသလိုလို
ငါတို့တွေက
လုံးဝန်းတဲ့ ခပ်စောင်းစောင်း အရာဝတ္တုပေါ်မှာ ငိုက်မျဉ်းရင်း
အဓိပ္ပါယ်မရှိ နေကို ပါတ်နေတဲ့
တုံးအအ သတ္တ၀ါတွေတော့ မဟုတ်ကြဘူး
အာရပ်ကမ္ဘာမှာ အရေးအခင်းတွေဖြစ်တယ်
ဂျပန်မှာ ဆူနာမီ ၀င်တယ်
နေရာတိုင်းမှာ တစ်မျိုးပြီး တစ်မျိုး မရိုးရဘူး
လူတွေကလဲ သူ့လက်ညှိုးထိုးလိုက်
ကျန်တဲ့ လက် ၄ ချောင်းက ကိုယ့် ပြန်ထိုးလိုက်နဲ့
ဂျာအေးသူ့အမေ ရိုက်နေကြ
တစ်ချို့တွေက 7 star ဟိုတယ်တွေမှာ ဟန်းနီးမွန်းထွက်ကြ
တစ်ချို့တွေက အာဟာရ မပြည့်ဝလို့ ဘ၀တစ်းပါးကို ပြောင်းနေကြ
ဒီလိုပါပဲ
ဘယ်လောင့်ဖြောင့်တဲ့ ပေတဲ့နဲ့ ဆွဲဆွဲ မျဉ်းမဖြောင့်ဘူး
…..
…..
ကမ္ဘာကြီးကလုံးနေတာကိုး
စောင်းကလဲ စောင်းနေသေးတယ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service