မော်ဒန်သစ်သီးများ – နရီထက်
ဆုပ်လည်း စူး
စားလည်း ရူးခဲ့ကြပေမဲ့
ပဒိုင်းသီးတွေ ခေတ်မသုံးခဲ့ပါဘူး
ရင်ခွင်ပိုက်ခွင့်မရှိပေမဲ့
နမ်းသက်ခွင့်တွေ စတေးချင်တော့
နှာခေါင်းတေ့ကာ ရှုမိကြတယ်
အဆိပ်ငွေ့တွေက တမြိုက်မြိုက်နှင့်ရယ်
အောက်ဆီဂျင်တွေ ခမ်းခြောက်သွားတော့
အဆီပြန်တတ်တဲ့ မျက်နှာတွေက
ဖြူဖတ်ဖြူရော ဖြစ်မနေခဲ့ဘူး
အကြင်နာတွေ တစ်ဖဲ့တစ်ကိုက်
သည်ပန်းသီးတွေက
ပိုးလောက်ကောင်တွေ ပုပ်ရွနေတော့
နှမြောမိတာ ရာဇ၀င်တွင်တယ်
ပြတ်ရွေ့ကြောင်းတွေက
များများလာတော့
လမ်းလျှောက်ရတာ
ငရဲမီးတွေ များနေသလိုပဲ…
နောက်တစ်ခေါက်…
အောက်စီဂျင်ကို လက်သပ်မွေးချင်ရင်တော့
သစ်ရွက်စိမ်းတွေက ပြာဖြစ်နေလောက်ပြီး။ ။
နရီထက်
( ၃၀ ၊ မတ်လ ၊ ၂၀၁၁ )
Comment #3
ကျေးဇူးပါ… ငါ့ညီ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုန၇ီထက်
အားပေးနေပါတယ်