ကျိန်စာစူးတဲ့အချစ်
ဖဲ့ရွဲ့စားသုံးလို့မရသော
အချစ်ဆိုသည့်အရာကို
အဆင်ပြေရင်ပြေသလို
ရှာဖွေရင်းနဲ့ငါ့ လမ်းတွေမှာ
မြူစိုင်းခဲ့တယ်
သူဟာ
ငါ့ရဲ့ ငယ်ရွယ်မှုတွေ့ကို
ပျော်ပျော်ကြီး စားသုံးခဲ့တယ်။
သူဟာ
ငါ့ရဲ့ အချိန်တွေကို
ပျော်ပျော်ကြီး ဖြုန်းတီးခဲ့တယ်။
သူဟာ
ငါ့ရဲ့ ရင်ဘတ်တခြမ်းကို
ပျော်ပျော်ကြီး တိုက်စားပစ်ခဲ့ပါတယ်……
ကြည့်မရလို့ အဲ့ အချစ်ဆိုတဲ့ ဘဲကြီးကို
ကျိန်စာ တိုက်ခဲ့တယ်
ဘယ်တော့မှ လူတွေသူ့ကိုမတွေ့ရပါစေနဲ့လို့
သူကျိန်စာစူးခဲ့တယ် ………………..
Comment #2
ကြည့်မရလို့ အဲ့ အချစ်ဆိုတဲ့ ဘဲကြီးကို
ကျိန်စာ တိုက်ခဲ့တယ်
ဘယ်တော့မှ လူတွေသူ့ကိုမတွေ့ရပါစေနဲ့လို့
သူကျိန်စာစူးခဲ့တယ် ………………..
ပါးပါးလေးနဲ့..ထိတယ်ဗျ…..အားပေးသွားပါတယ်…..
By: terry at Mar 31, 2011
Comment #4
nice poem.
By: ei lay at Sep 3, 2011
Comment #5
he,,he,,
good
By: ei lay at Jan 9, 2012
Comment #6
read again par
By: ei lay at Feb 3, 2012
Comment #7
be lout kyar kyar ma yoe twar par,
By: ei lay at Mar 30, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သူဟာ
ငါ့ရဲ့ အချိန်တွေကို
ပျော်ပျော်ကြီး ဖြုန်းတီးခဲ့တယ်။
သူဟာ
ငါ့ရဲ့ ရင်ဘတ်တခြမ်းကို
ပျော်ပျော်ကြီး တိုက်စားပစ်ခဲ့ပါတယ်……
ကောင်းပါတယ်ဗျာ.. အားပေးသွားပါယတ်