မိုးခေါ်တဲ့ အလွမ်း (မိုးထက်အောင်)
မိုးခေါ်တဲ့ အလွမ်း
ဝး၀၂ မခေါ်ချင် မပြောချင်နဲ့ 
အဲဒီ့တိမ်မျှင်တွေက
ကောင်းကင်တစ်ရိုး
ချိုးချင်သလို ချိုးပြီးထွက်သွားကြတယ်
(သစ်စိမ်းချိုးလိုလို ဘာလိုလို)။
ဝး၀၄ ရင်ဘတ်ခွဲတမ်းမှာ
(ကျွန်တော့် အလွမ်းတွေ…..)
လမ်းနဲ့ တောင်မဆံ့ဘူး
နည်းနည်းလောက် ဘေးဖယ်ပေးကြပါ။
ဝး၀၆ နွေနှောင်းမှာ
ဒီမိုး မကောင်းခဲ့ဘူး
အိမ်မက်တွေပျိုးဖို့ 
ရွာနှုန်းနည်းနည်း လိုသွားတယ်။
ဝး၀၈ လာ……..
လိုက်………
ရပ်………….
(မပြေးနဲ့ ……..)
ဒီကောင့်ရင်ဘတ်
ပက်ကြားအက်နေတာ နင်မသိဘူးလား။
ဝး၁၀ တစ်ကျော့ပြန် အနမ်းလေးပေးပါ
ရင်ဘတ်အော်သံတွေနဲ့ 
မိုးခေါ်နေတဲ့ အလွမ်းမှာ
ကျွန်တော့် ကမ်းလေး စွတ်စိုနေပါရစေ။
ဝး၀၀ ဘာပဲပြောပြောပါ
မခေါ်ချင် မပြောချင်နဲ့ 
အဲဒီ့တိမ်မျှင်တွေက
ကောင်းကင်တစ်ရိုး
ချိုးချင်သလို ချိုးပြီးထွက်သွားခဲ့ကြတယ်
သစ်စိမ်းချိုးလိုလို………..
ဘာ…..လို….လို….နဲ့ ……ပေါ့…..ဗျာ………………….။ ။
မိုးထက်အောင်
Comment #2
ကျေးဇူးတင်တယ်……
Comment #3
အရမ်းမိုက်တယ် ရှင့်။ ကူးထားလိုက်ပြီနော်.. 🙂
Comment #1
သစ်စိမ်းချိုးလိုလို………..
ဘာ…..လို….လို….နဲ့ ……ပေါ့…..ဗျာ………………….။ ။
……..
အားပေးသွားပါတယ်