ကဗျာထဲမှာ ရေးတဲ့သူသေသွားတယ် (မိုးထက်အောင်)
ကဗျာထဲမှာ ရေးတဲ့သူသေသွားတယ်
ဝး၀၅ နင်နဲ့ မတန်တဲ့ကောင်ပါ
ဘယ်ချောင်မှာဖြစ်ဖြစ် မှောင်နေပေးပါ့မယ်
နင့်မလှမ်းမကမ်းမှာ ငါ့အလွမ်းတွေဖြန့် ကျဲ
မလှမ်းနဲ့ ……မနမ်းနဲ့ 
နွမ်းကြွေသွားခဲ့ရပါပြီ
(နင့်အတွက် အသုံးမ၀င်တော့ဘူး)။
ဝး၁၀ ဝေးကွာသွားခဲ့ရပါပြီ
အတိတ်ဆိုတာ တစ္ဆေတစ်ကောင်လိုခြောက်လှန့် နေတော့မယ်
ပန်းနုရောင် နင့်နှုတ်ဖျားမှာ
(ငါ့အတွက်…….)
အမုန်းအလင်္ကာတွေပဲ သီကျူးထားပါ
အမှတ်တရ သိမ်းဆည်းထားပါ့မယ်။
ဝး၁၅ မရည်ရွယ်တဲ့ လွဲချော်မှုတွေထဲ
ဒီအသည်းလည်း ကွဲခဲ့ရပါပြီ
ကိုယ့်ကိုယ်ကို ရိုးမယ်ဖွဲ့ 
(ဒီကောင့်ကမ္ဘာထဲ……..)
အခါမဲ့မိုးက အငြိုးနဲ့ ရွာတယ်။
ဝး၂၀ နွေလိုလို မီးလိုလိုလူပါ
ကန္တာရ ရင်ဘတ်ထဲ
ဘယ်အပူမှ မထွေးဖက်ချင်တော့ဘူး
အားလုံးကိုလွှတ်ချရင်း
(ကိုယ့်ကိုယ်ကိုပါ………)
လွတ်ကျသွားခဲ့ရတယ်။
ဝး၀၀ မကြားပါစေ မသိပါစေ မမြင်ပါစေနဲ့ 
(ဟော့ဒီ့အလွမ်းကဗျာမှာ)
ရေးတဲ့သူသေသွားတယ်………
(ထပ်ပြောပါရစေ……)
ဟောဒီ့အလွမ်းကဗျာထဲမှာ
(ရေးတဲ့သူ……….)
သေသွားခဲ့ရပါတယ်ဗျာ……….
(ကျေနပ်ပါ……….) ။ ။
မိုးထက်အောင်
Comment #3
နွေလိုလို မီးလိုလိုလူပါ
ကန္တာရ ရင်ဘတ်ထဲ
ဘယ်အပူမှ မထွေးဖက်ချင်တော့ဘူး
အားလုံးကိုလွှတ်ချရင်း
(ကိုယ့်ကိုယ်ကိုပါ………)
လွတ်ကျသွားခဲ့ရတယ်။
SO NICE!!!
Comment #4
စာသားအသုံးအနှုံးတွေအရမ်းမိုက်လာတယ်….ဗျာ…
အားပေးသွားပါတယ်…..
Comment #5
မရည်ရွယ်တဲ့ လွဲချော်မှုတွေထဲ
ဒီအသည်းလည်း ကွဲခဲ့ရပါပြီ
ကိုယ့်ကိုယ်ကို ရိုးမယ်ဖွဲ့ 
(ဒီကောင့်ကမ္ဘာထဲ……..)
အခါမဲ့မိုးက အငြိုးနဲ့ ရွာတယ်။………..
like this poem so much
Comment #1
ဒီမှာတစ်ခေါက် လာပြန်ဖတ်တယ်