အကယ်ဒမီမလိုချင်ပါ…(ရင်တွင်းမှမြစ်ဖျားခံသော…)
တခါတလေ…ငါဟာနင့်ကိုကာကွယ်ပေးချင်နေတဲ့သူရဲကောင်းကြီးပါ
တခါတလေ…နင့်အတွက် အပြုံးတွေဖန်ဆင်းပေးနေချင်တဲ့နတ်သမီးလေးပါ
တခါတလေ…နင့်ဘေးနားမှာအပျင်းပြေနေပေးချင်နေတဲ့အရုပ်လေးတရုပ်ပါ
တခါတလေ…နင်ရဲ.အချော့အမြှူခံချင်နေတဲ့ကြောင်လေးတကောင်ပါ
တခါတလေ…နင်ရောက်ချင်တဲ့ပန်းတိုင်ကိုပို.ပေးနေချင်တဲ့ပြိုင်ကားလေးပါ
တခါတလေ…ပေါင်းများစွာနဲ.ရူးသွပ်ခဲ့တဲ့ငါ့အတွက်…
နင်ပေးလိုက်တဲ့ ငါ့အတွက် ဂုဏ်ပုဒ်က”အမှိုက်” ဆိုတော့လဲ
ခုချိန်မှာ ငါ့အတွက် “တခါတလေ”ဆိုတာ…
နင့်ကိုသတိမရမိအောင်…ဟန်ဆောင်နေရတဲ့
ရုပ်ရှင်ထဲက အတိတ်မေ့နေတဲ့ ဇာတ်ကောင်နေရာကပေါ့ဟာ …
Comment #5
ခစ်ခစ်
By: ဇာတိ(ဖျာပုံ) at Mar 31, 2011
Comment #9
ရိုးရိုးလေးနဲ့ ခံစားချက်ကိုပေါ်လွင်အောင်ဖွင့်ထားတာလေး…မိုက်ပါတယ်…..။
By: terry at Apr 1, 2011
Comment #10
စကားလုံးလေးတွေက ၇ိုး2လေးနဲ့တစ်မျိုးလေး ကောင်းပါတယ်
By: genius.jinx28 at Apr 2, 2011
Comment #11
thz so much,, 🙂
same with me,,,, 🙁
By: ei lay at May 6, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တစ်မျိုးလေး ကောင်းတယ်ဗျာ