ကျွန်တော့်ကမ္ဘာထဲမှာ ရွာတဲ့မိုး (မိုးထက်အောင်)
ကျွန်တော့်ကမ္ဘာထဲမှာ ရွာတဲ့မိုး
ဝး၀၀ တိမ်တွေငိုလို့ ပဲ ဖြစ်ဖြစ်
ကောင်းကင်ပြိုလို့ ပဲ ဖြစ်ဖြစ်
(ဒီမိုးကတော့……)
ဝုန်းဝုန်းဒိုင်းဒိုင်း ရွာတယ်
(ကျွန်တော့်မှာသာ…..)
ရာဇ၀င်အရိုင်းတွေနဲ့ 
ဘယ်ရေကြည်တစ်ပေါက်မှ
မော့သောက်ခွင့်မရခဲ့ဘူး
ဝး၀၁ ကြယ်တွေပွင့်ဖူးပြီ
ဒီလူကိုအရူးလို့ ပဲပြောပါ
(ဟောဒီ့ကောင်ရဲ့…….)
ဝင်သက်ထွက်သက် က
နေ,တစ်ပွင့် လ,တစ်ခက်
နတ်သမီးအတွက်ပေးအပ်ချင်ခဲ့တယ်
(ခွင့်ပြုပါ…….)
ဝး၀၂ ပန်းနဲ့ ခတ်ထားတဲ့ ကြတ်ခြေခတ်တွေက
(ဒီကောင့်ရဲ့…….)
အထင်ရှားဆုံး အမှတ်
အကွက်ကျကျ လွဲချော်မှုတွေထဲ
ရုန်းရင်ဆန်ခတ်
(ကျွန်တော့်ကို…….)
အမှတ်မလျှော့လိုက်ပါနဲ့ 
ဝး၀၃ ဗြောင်းဆန်နေအောင် ချစ်တယ်
နတ်သမီးအိမ်မက် ဆက်မက်ခွင့်ပေးပါ
မျက်မြင်သက်သေမရှိတဲ့ ရင်ဘတ်မှာ
(နင့်အတွက်…….)
ရင်ခုန်သံတွေ လတ်ဆတ်နေခဲ့ပါတယ်
ဝး၀၄ ဟော…….
(ပြောရင်း ဆိုရင်းနဲ့ ပဲဗျာ)
တိမ်တွေငိုလို့ ပဲ ဖြစ်ဖြစ်
ကောင်ကင်ပြိုလို့ ပဲ ဖြစ်ဖြစ်
(ကျွန်တော့်မိုးကတော့……)
ဝုန်းဝုန်းဒိုင်းဒိုင်း ရွာချလိုက်ပြန်ပြီ
ဒီကောင့်မှာသာ……….
………………………………………………….။ ။
မိုးထက်အောင်
Comment #2
ကျေးဇူးတင်တယ်……
အဲလောက်လေးပဲပြောချင်တယ်
ဖြစ်တယ်မှတ်လား ရဲလေး…….. :))))
Comment #3
ဖြစ်တာပေါ့….ဒီလောက် ကောင်းတဲ့စကား
ဘယ်မှာသွား၇ှာမလဲ
ကမ္ဘာမှာ မ၇ှိဘူး မြန်မာမှာပဲ ၇ှိတယ် ဟဲဟဲ
Comment #4
လူတော်ပဲဗျ
Comment #6
မျက်မြင်သက်သေမရှိတဲ့ ရင်ဘတ်မှာ
(နင့်အတွက်…….)
ရင်ခုန်သံတွေ လတ်ဆတ်နေခဲ့ပါတယ်
Comment #7
အားလုံးကိုကျေးဇူးတင်တယ်…..
Comment #8
ဟော…….
(ပြောရင်း ဆိုရင်းနဲ့ ပဲဗျာ)
တိမ်တွေငိုလို့ ပဲ ဖြစ်ဖြစ်
ကောင်ကင်ပြိုလို့ ပဲ ဖြစ်ဖြစ်
(ကျွန်တော့်မိုးကတော့……)
ဝုန်းဝုန်းဒိုင်းဒိုင်း ရွာချလိုက်ပြန်ပြီ
ဒီကောင့်မှာသာ……….
………………………………………………….။
Comment #9
kyike twar p.
Comment #1
ကိုမိုးထက်အောင်…အေ၇းအသားကတော့ ကောင်းလိုက်တာ..
မျက်မြင်သက်သေမရှိတဲ့ ရင်ဘတ်မှာ
(နင့်အတွက်…….)
ရင်ခုန်သံတွေ လတ်ဆတ်နေခဲ့ပါတယ်