လူမလေးစားသော ငုဝါ
ဟိုဘက်ကို ငေးလိုက်ပါ မိန်းကလေး…..
အ၀ါရောင် ၀တ်ရုံခြုံထားတဲ့
ဗီးနပ်ကိုတွေ့လား…..
ထိန်ထိန်ငြီးနေခဲ့တယ် ….
အစဉ်အလာတွေအရ ….
ဗီးနပ်ဟာလှနေခဲ့ပါတယ်
နွေနေရဲ့ အကျည်းတန်မှုတွေကို
ရင်ဝယ်ထားလို့ပေါ့ …
အားပါးတရ ပွင့်ချလိုက်တယ်
တခိုင်ပြီးတခိုင် သင်္ကြန်မိုးလေးဖြိုင်တဲ့ တနေ့မှာပေါ့………….
ပိတောက်တော့ မဟုတ်ပါဘူး….
အပွင့်လွယ်လို့ လူမလေးတဲ့
ငုဝါရယ်ပါ………………………………
ပိတောက်ဆိုတာ သင်္ကြန်ရဲ့ ပြယုဂ်တခုတဲ့ဗျာ။ ဒါဖြင့် …. အရောင်တူ အသွေးတူ ငုဝါကရော …………..
ဟုတ်ပါတယ် …. နွေရဲ့ ဗီးနပ် ငုဝါ ငိုနေခဲ့ပါ တယ် ကလီယိုပက်ထရာ နွားနို့နဲ့ ခေါင်းလျှော်လို့တဲ့
ကဗျာချို