ချစ်နေခွင့်လေးပဲ နင် ပေးခဲ့ပါ…..။
နင်ဘယ်သွားသွား ငါမတားဘူး
နင့်အနား နေခွင့်မရှိတဲ့ငါက……
နင့် ဥပေက္ခာ နဲ့ ရင့်ပါးရင်း
အဝေးတစ်နေရာက အေးဆေးစွာနဲ့
သိပ်ချစ်နေမိခဲ့တာ……..။
ပထမဆုံးအချစ်မို့ ထင်ပါတယ်
အလူးအလဲ ဝေဒနာတွေ နှိပ်စက်ခံရင်း
နင် မချစ်တဲ့ ငါ ဆိုတာကို
နင်ကိုယ်တိုင် ဖန်တီးယူနိုင်ခဲ့တာ…….
ချစ်ခြင်းကို အရင်းတည်ရင်း
နင့်ဘ၀ထဲ စီးဝင်စေဖို့
မျက်ဝန်းတွေနဲ့ နင် ညှို့ယူ
မာယာတွေနဲ့ အခါခါ နင် သိမ်းသွင်းခဲ့တယ်……။
နင် ရက်စက်တတ်သူလို့
သွေးအလိမ်းလိမ်းထွက်နေတဲ့ နှလုံးသားက
ခြောက်ခြောက်ခြားခြား…..
သတ်မှတ်သွားတာတောင်
ငါ့အာရုံတွေ စုံလုံးကန်း
တစ်နေ့နေ့ ဆိုတာကို မ၀ံမရဲ မျှော်လင့်နေခဲ့သေးတယ်…..။
နင့်အတွက်ဆို ကမ္ဘာလောက်မကတဲ့
ချစ်တတ်မှုတွေ တနစ်တပိုး….ရင်ဝယ်ပိုက်ထားခဲ့သူ
နင့်ကို ပေးဆပ်ဖို့ဆို ….
ငါ့အရှေ့က လောကကိုလဲ
ရေလဲလိုသုံးဖို့ အချိန်မဆိုင်းခဲ့တဲ့သူ……။
ဒီလောက်ငါချစ်ခဲ့တာတောင်
တခြားဆီကို ကူးခတ်
နင်ဆိုတဲ့လူ……ဘာကြောင့် ငါ့အတွက်ဆို ခံစားချက်မဲ့နေတာလဲ……?
တန်ပြန်ခြင်းမရှိတဲ့မေတ္တာ…..
တစ်ဖတ်တည်းစီးနေတဲ့မြစ်……
ငါ့အလှည့်ဆိုတာ မရောက်နိုင်တော့တဲ့အခါ
တခါတလေ ငါ ရှင်သန်နေရတာ
အနှစ်မဲ့…..
နင်….ထားရက်ခဲ့တာကိုလည်း
အပြစ်ဖွဲ့ဖို့ စကားလုံးတွေ ချို့တဲ့လာတယ်…..။
ငါ မပိုင်ဆိုင်ပါရစေနဲ့တော့…..
နင့်ကြောင့် မြေချခဲ့တဲ့မာနတွေရယ်….
တောက်ပခဲ့တဲ့ အနာဂတ်တွေရယ်….
လက်ဆက်နေတဲ့ အသည်းကွဲမှုတွေရယ်….။
အားလုံးငါ စွန့်လွတ်ဖို့ ကြိုးစားနေရင်း……..
နင့်ကြောင့် မြေချခဲ့တဲ့မာနတွေရယ်….
တောက်ပခဲ့တဲ့ အနာဂတ်တွေရယ်….
လက်ဆက်နေတဲ့ အသည်းကွဲမှုတွေရယ်….။
အားလုံးငါ စွန့်လွတ်ဖို့ ကြိုးစားနေရင်း……..
နင်မရှိတဲ့ဒီနေရာက….
မျှတတဲ့ တောင်းဆိုမှုလေးကိုပဲ
တိတ်တဆိတ်ကျိတ်ရွှတ်
ချစ်နေခွင့်လေးပဲ နင်ဆက်ပေးခဲ့ပါတော့ဟာ…..။
အလွမ်း
4.4.2011 (4:50 PM)
Comment #3
ဒီလောက်ငါချစ်ခဲ့တာတောင်
တခြားဆီကို ကူးခတ်
နင်ဆိုတဲ့လူ……ဘာကြောင့် ငါ့အတွက်ဆို ခံစားချက်မဲ့နေတာလဲ……?
အရမ်းခိုက်တယ်….

Comment #4
ငိုနေ၇ပြီ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နင် ရက်စက်တတ်သူလို့
သွေးအလိမ်းလိမ်းထွက်နေတဲ့ နှလုံးသားက
ခြောက်ခြောက်ခြားခြား…..
သတ်မှတ်သွားတာတောင်
ငါ့အာရုံတွေ စုံလုံးကန်း
တစ်နေ့နေ့ ဆိုတာကို မ၀ံမရဲ မျှော်လင့်နေခဲ့သေးတယ်…..။
နင့်အတွက်ဆို ကမ္ဘာလောက်မကတဲ့
ချစ်တတ်မှုတွေ တနစ်တပိုး….ရင်ဝယ်ပိုက်ထားခဲ့သူ
နင့်ကို ပေးဆပ်ဖို့ဆို ….
ငါ့အရှေ့က လောကကိုလဲ
ရေလဲလိုသုံးဖို့ အချိန်မဆိုင်းခဲ့တဲ့သူ……။
ဒီလောက်ငါချစ်ခဲ့တာတောင်
တခြားဆီကို ကူးခတ်
နင်ဆိုတဲ့လူ……ဘာကြောင့် ငါ့အတွက်ဆို ခံစားချက်မဲ့နေတာလဲ……
…………….
တကယ်ကြိုက်နှစ်သက်သွားပြါေ၊ကာင်း…..