နတ်သမီးပုံပြင်
အတွေးပေါင်းများစွာ နဲ့
ငါ့ကို အိပ်ပျက်စေခဲ့တယ်…
မျှော်လင့်ချက်ပေါင်းများစွာ နဲ့
ငါ့ကို ချစ်တတ်စေခဲ့တယ်…
အလွမ်းပေါင်းများစွာ နဲ့
ငါ့ကို နာကျင်စေခဲ့တယ်…
ဘာလို့လဲ ချစ်သူ
နင်ဖန်ဆင်းခဲ့တဲ့ ပုံပြင်တစ်ပုဒ်မှာ
ငါဟာ မင်းသမီးဆို
ပျော်ရွှင်စွာ ဇာတ်သိမ်းလိုက်ချင်ပြီ
ဒါပေမဲ့ ညည နှောက်ယှက်တတ်တဲ့
အိပ်မက်ဆိုးတွေကြားက
ရော့ရဲရဲ လက်တစ်စုံကို
ငါဘယ်တော့မှ မဆုံးရှုံးချင်ပါဘူး
နင်သာ ငါ့ကို နားလည်ခဲ့မယ်ဆို
ရှိမလာနိုင်မဲ့ ပြသနာတွေကြား
အရာအားလုံး မှုန်ဝါးဝါး နဲ့
အလန့်တကြား နိုးထလာခဲ့တယ်..
အတိတ် ကို သင်ပုန်းချေလို့
တစ်ကနေပြန်ချစ်ပါရစေ….
ဒီတစ်ခုဘဲတောင်းဆိုချင်တယ်…
Comment #2
အတိတ် ကို သင်ပုန်းချေလို့
တစ်ကနေပြန်ချစ်ပါရစေ….
ဒီတစ်ခုဘဲတောင်းဆိုချင်တယ်…

Comment #3
😛
😛
😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Good Poem ..writing nearly everyday since you are became a member …
Very energetic …Keep Up the Good Work