ချစ်သော..ငှက်ကလေး(genius)
လွတ်လပ် ကျယ်ပြန့်နေတဲ့
ကောင်းကင်ကို ကြည့်ပြီး
နှစ်ယောက်အတူ
တောင်ပံတစ်စုံတည်းနဲ့
အံတုပျံသန်းချင်မိတယ်။
ဖြတ်တည်ခြင်းတွေ မစည်ကားခဲ့တော့
အတူယှဉ်တွဲပြီး
ပျံသန်းခွင့်တွေ အားမသန်ခဲ့တာပါ၊
ကောင်းကင်ကြီး၇ယ်…
ခွင့်လွှတ်ခြင်းတွေ မ၇ှိပါနဲ့..။
အလှပဆုံး ဖြန့်ကျက်
ပျံသန်းချင်ပေမယ့်
လောကကြီးဒဏ်ကို
ခံစားခဲ့ဖူးတော့..
၇ပ်တည်ခြင်းကို ကြောက်ရွံ့
စစ်မဖြစ်မီ မြှားကုန်ခဲ့တာပါ.။
ငှက်ကလေး၇ယ်…
မင်းကတော့…..
အထီးကျန်ခြင်းတွေ
ပပျောက်ကင်းဝေးပြီး
လွတ်လပ်စွာ ပျံသန်းခွင့်၇ပါစေ….။
Comment #2
“ဖြတ်တည်ခြင်းတွေ မစည်ကားခဲ့တော့
အတူယှဉ်တွဲပြီး
ပျံသန်းခွင့်တွေ အားမသန်ခဲ့တာပါ။…………..”
အရမ်းကောင်းတယ် ရဲမင်းရေ….facebook မှာ Share လုပ်ထားတယ်…အရမ်းကြိုက်တယ်ဟာ…….ဒီကဗျာ။
By: ကေသရီ at Apr 8, 2011
Comment #3
အားပေးတဲ့ ကိုမိုးထက်အောင်၊မကေ ကျေး၊ဇူးပါဗျာ….
By: genius.jinx28 at Apr 9, 2011
Comment #4
i gotta go naw,,,
bye bye,,
By: ei lay at Dec 29, 2011
Comment #5
he,,he,,,
so so nice creativity.
By: ei lay at Dec 29, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းကင်ကြီး၇ယ်…
ခွင့်လွှတ်ခြင်းတွေ မ၇ှိပါနဲ့..။
တကယ်လှတယ်….သုံးထားတာလေး