ကျွန်တော်တို့  ခင်ဗျားတို့  အများသူငါတို့  (မိုးထက်အောင်)
ကျွန်တော်တို့  ခင်ဗျားတို့  အများသူငါတို့ 
(လင်းလွန်းတယ်……)
ဘာမှမမြင်ရတော့ဘူး
နိယာမတွေထဲ ကဗျာတွေကျကွဲနေတာ
ခွမ်း……….
…………………………………..
ခွမ်းးး……….ခွမ်းးးးးးးးးးးးးး…….။
လမ်းမတူရင် လူမထင်တဲ့ဝါဒ
ဓါးထမ်းပြီးပန်းခူးရတာ မောတယ်။
အဲဒီ့မာနလေး ဘယ်လောက်ပေးဝယ်ခဲ့ရလဲ
မနေ့ က အဟောင်းတန်းထဲမှာတွေ့ မိတယ်။
သြော်……..
ခင်ဗျားစာအုပ်က တော်တော်ထူတာပဲ
ခေါင်းအုံးအိပ်ရတာ ကောင်းတယ်။
ကျွန်တော်က မိုးနေမဟုတ်ဘူး တဂိုးမဟုတ်ဘူး
ဗန်ဂိုးမဟုတ်ဘူး ဒါဗင်ချီမဟုတ်ဘူး
ရိုဒင်မဟုတ်ဘူး တော်လ်စတွိုင်းမဟုတ်ဘူး
ဒေးကားမဟုတ်ဘူး ချက်ကော့ပ်စကီးမဟုတ်ဘူး
ခင်ဗျားမဟုတ်ဘူး ခင်ဗျားဆရာမဟုတ်ဘူး
(သြော်…….မေ့ တော့မလို့ )
ကျွန်တော်က ကျွန်တော်မဟုတ်ဘူး။
အလုပ်မရှိဘူး
ကြီးဒေါ်မှာ နွားမရှိဘူး
တစ်နေ့ တစ်နေ့ သူ့ ခွေးလေးပဲကျောင်းနေရတာ
ဟေ့ကောင်……
(မဟောင်နဲ့ )။
အောင်ခြင်းရှစ်ပါးမှာ
ကဗျာဆရာ ချွတ်ခန်း မပါတာနာတယ်
(တောက်……..)။
အပစ်အခတ်တွေ ရပ်
(ဒါ……..)
ခိုးသားငါးရာနားတဲ့ ဇရပ်မဟုတ်ဘူး
အပျက်အပျက်နဲ့  ကဗျာဇာတ်နာတယ်။
ဟိုဖက်ကရေအိုးလေးတွေ ဘောင်ဘင်ခတ်
ဒီဖက်ကစပါးနှံလေးတွေ ခေါင်းတထောင်ထောင်
(ဒီလယ်ကွက်လေး အထွက်တိုးဖို့ )
စပါးကို ရေလောင်းမယ်
ထွက်နှုန်းကောင်းပါစေ…………………။
လင်းလွန်းရင်လည်း ဘာမှမမြင်ရတော့ဘူးဗျ
ဒီနေရာမှာ…….
………………………………………………….
ဓါးထမ်းပြီး ပန်း….မ….ခူး…..ရ ။ ။
မိုးထက်အောင်
Comment #2
မိုက်တယ်ဗျ…ကိုမိုးထက်အောင်ရေ….
အရေးများလာသလို…အရမ်းလည်းမိုက်လာတယ်…
အားပေးနေပါတယ်……
Comment #3
ကျေနပ်တယ်။။။။။။။။။
ကဗျာဆရာတွေလောက်ပေါတဲ့ ဒြပ်ပစ္စည်းဒီခေတ်ထဲရှားလာတယ်
ကဗျာဆရာဆိုတာ
ဝေဒနာတွေထမ်းပိုလာတဲ့ ဒိုင်ယာလော့ ခ်ဂိုဒေါင်တစ်ခုလို့ အနက်ဖွင့် ချင်လာတယ်။
အဲ့ ဒါကကျနော့ ဝါဒ။ဒီမှာဘက်ကသဘောထား။။။။။။။။။။။။။
ဒီကဗျာအတွက်တော့ အရမ်းကျေနပ်တယ်။။။။။။။။။။
မင်းလူန
Comment #4
ကို မိုး ထက် အောင် ရဲ့ စိတ် ကူး နဲ့ …. ဖန်တီး မှု စွမ်း ပကား က တော့…. တစ် ကယ် ဗျာ… ကျွန်တော် လေး စား တယ်
Comment #5
အားလုံးကျေးဇူးတင်ပါတယ်ဗျ……
🙂
Comment #6
အမှန်အတိုင်းပြောရရင် မကြိုက်ဘူး။ 🙂
Comment #9
တစ်ယောက်တိုးသွားပြီ အကိုရေ့ လေးစားပါတယ်
Comment #11
အောင်ခြင်းရှစ်ပါးမှာ
ကဗျာဆရာ ချွတ်ခန်း မပါတာနာတယ်
( ဘယ်လိုစိတ်ကူးများပါလိမ့်ဗျာ…. လေးစားပါတယ် )
Comment #1
သဘောကျတယ်