ဒီကဗျာမှာ ဘာမှမပါဘူး (မိုးထက်အောင်)
ဒီကဗျာမှာ ဘာမှမပါဘူး
ကောက်ကြောင်း စုတ်ချက် ဆေးစက်
နိမိတ်ပုံ ပြကွက် ပြချက်
သံစဉ် စာသား တေးသွား
စကားလုံး အလင်္ကာ ဂရု လဟု
ရစ်သမ် တုန်း ဗျည်း ဗျည်းတွဲ သရ
ဝါကျ သဒ္ဒါ ဝေဒနာ
ဒီဃ ၀န္တ ၀င်္ဂ ၀ဂ္ဂ
ကံ စိတ် ဥတု အဟာရ
မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ
ပဋိဝေရ အာယု နာဂရ ဘုမ္မိ
ခြေ လက် ခေါင်း ခါး စည်း ၀ါး
လောဘ ဒေါသ မောဟ
ဒုက္ခ သမုဒယ မဂ္ဂ နိရောဓ
အနိစ္စ ဒုက္ခ အနတ္တ သဘာဝ
စိတ် စေတသိက် သိ မသိ
ရှိ မရှိ ထိ မထိ
ဝင် ထွက် ကောင်း မကောင်း
ရသ
နေ လ မရဏ
………………………………………….
အနတ္တ
……………………………………………………………….။
မိုးထက်အောင်
Comment #2
ကျေးဇူးတင်ပါတယ်
By: moehtetaung18 at Apr 21, 2011
Comment #3
ကောင်းတယ်ဗျာ အားပေးနေတယ်ဗျာ
By: ဖြိုးနေ၀င်း at Jul 9, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘာမှ မပါတာက …အများကြီးပါနေသလို့ပဲ…
ကိုမိုးထက်အောင်..အားပေးနေပါတယ်