ချစ်သူ – မောင်စိန်ဝင်း (ပုတီးကုန်း)
မျက်စိမှတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။
အလွန်ဝေးကွာသည့်အရပ် သို့ရောက်နေပါလျက်
ပင်လယ်ပြာကိုစဉ်းစားသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ။
မောင်စိန်ဝင်း (ပုတီးကုန်း)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မျက်စိမှတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။
အလွန်ဝေးကွာသည့်အရပ် သို့ရောက်နေပါလျက်
ပင်လယ်ပြာကိုစဉ်းစားသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။