နေဆယ်စင်းလမင်းဆယ်ဆူ – မောင်စိန်ဝင်း (ပုတီးကုန်း)
တစ်ခါတစ်လေ
နေဆယ်စင်းလို၊ ပူပြင်းတယ်ခင် …
တစ်ခါတစ်ခါ
ရင်မှာရွင်ပျ ၊ လဆယ်ဆူနှယ်
ကြည်နူးတယ်ခင် … ။
မောင့်ရင်တွင်းမှာ
နေမင်းလမင်း၊ ဆယ်စင်းပြိုင်တူ
ပူကြသာကြ ၊ ခံစားရအောင်
လွမ်းရဆွေးရ ၊ ကြည်နူးရအောင်
နှေင်တွယ်ကျွမ်းရစ် ၊ သောကဖြစ်သည်
အချစ်ဆိုတာ ဒါလားခင် …။
မောင်စိန်ဝင်း (ပုတီးကုန်း)
Comment #2
မောင့်ရင်တွင်းမှာ
နေမင်းလမင်း၊ ဆယ်စင်းပြိုင်တူ
ပူကြသာကြ ၊ ခံစားရအောင်
လွမ်းရဆွေးရ ၊ ကြည်နူးရအောင်
နှေင်တွယ်ကျွမ်းရစ် ၊ သောကဖြစ်သည်
အချစ်ဆိုတာ ဒါလားခင် …။
By: May Kha at Nov 8, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙂