*နေချင်တယ်မင်းအနားမှာ*
နေချင်ပါတယ်…..
မင်းအနားတစ်နေရာရာပေါ့
အချိန်တိုင်းလေ……..
ငါ့ဘ၀က………
နင်ထားရာနေစေရာသွားပါကွာ……
ဒါပေမယ့်……
ငါကျေနပ်တယ်….
ဘာဖြစ်လို့လည်းဆိုတော့
ငါချစ်တဲ့နင့်အတွက်
ပျော်ရွင်မှုပေးနိုင်လို့ပေါ့…..
နင်ပျော်ရင်
ငါလည်းပျော်မယ်….
နင်ငိုရင်
ငါလည်းဝမ်းနည်းမယ်…..
ဒါကြောင့်အပြုံးမပျက်တဲ့
ချစ်သူ့မျက်နှာလေးကို
အမြဲထာဝစဉ်ရှင်သန်နေစေချင်တယ်….
အတူသွားအတူစားတဲ့အချိန်
နင်အားငယ်တဲ့အခါ
ငါ့ပုခုံးလေးအပေါ်မှီတဲ့အချိန်
အဲ့ဒီအချိန်လေးတွေကငါ့ဘ၀မှာ
ဘယ်အရာနဲ့မှမလဲနိုင်တဲ့အချိန်တွေပါဟာ…..
ဒါပေမယ့်မျက်နှာသာမပေးတဲ့
ကံကြမ္မာကြောင့်ဝေးရမယ့်
အခြေအနေတွေကုန်လွန်ပါစေလို့
ဆုတောင်းရင်းနဲ့ပဲ………
ငါစောင့်နေပါတယ်
ကံကောင်းမယ့်နေ့ရက်တွေကိုပေါ့ ။ ။…
Comment #3
ဒါပေမယ့်မျက်နှာသာမပေးတဲ့
ကံကြမ္မာကြောင့်ဝေးရမယ့်
အခြေအနေတွေကုန်လွန်ပါစေလို့
ဆုတောင်းရင်းနဲ့ပဲ………
ငါစောင့်နေပါတယ်
ကံကောင်းမယ့်နေ့ရက်တွေကိုပေါ့ ။ ။…
Comment #4
နေချင်ပါတယ်…..
မင်းအနားတစ်နေရာရာပေါ့
အချိန်တိုင်းလေ……..
Comment #6
i like the title so much.
af reading all,i also like the style.
but,,,,,don’t feel depress,
everything is up to u.
u can do well.
u must pass the difficulties.
if u want,,u must try.
nothing can get easily.
believe urself.
b confident.
Comment #1
စာသားတွေအရမ်းမိုက်တယ်.. အားပေးနေပါတယ်..