သမုဒယကျောင်း – မောင်စိန်ဝင်း (ပုတီးကုန်း)
အတူဆုံ၊
တစ်အူတုံ တစ်ကယ်မဆင်းကြပေမယ့်၊
သူငယ်ချင်းဘဝနဲ့၊
ငယ်စာရင်းက … အတန်းဖေါ်။
ပြန်မလွမ်းပြီလား၊
ကျောင်းခန်းမှာ စာအတူသင်၊
ကျောင်းပြင်မှာ စာအတူကျက်၊
ရည်ရွယ်ချက်တွေ အစပျိုးရင်း၊
“ဘဝပျိုးခင်း” ဆိုတဲ့ သည်ကျောင်းတော်။
သည်ကျောင်းမှာ ဘဝကိုစ၊
သည်ကျောင်းမှာ ဘဝကို ထုဆစ်၊
နုမျစ်သူတွေပုံလောင်း၊
လောကရဲ့ကောင်းကျိုး
“အကောင်း” … “အဆိုး” … “ဓမ္မ” .. “အဓမ္မ” .. ဝေခွဲ၊
အနေရဲစို့ … မှန်းရည်မျှော်၊
တစ်လမ်းစီနော် …
(ကြီးတော့) … တို့တတွေကွဲ။
ဆရာ၊ ဆရာမတွေနဲ့၊
တခါကတပည့်တွေ ကံမကုန်လို့၊
ပြန်အဆုံ ပျော်စရာကြီးပေပဲ၊
တပည့်တွေလဲ (လည်း) ဆံပင်ဖြူ၊
အသွင်မတူ ဇရာဖက်၊
အသက်တွေ အရွယ်ရပေမယ့်၊
ငယ်ဘဝ စာသင်ခန်းကို၊
ဘာမြင်မြင် အကုန်လွမ်းတာပဲ၊
ခုံတန်းမှာ ငယ်အရိပ်တွေက၊
ငယ်စိတ်ဝင် အမှတ်တရတွေနဲ့၊
ဖြတ်မရအောင် … အခုဘဝ .. အနုသယ … ဝဲမှာ၊
(သူငယ်ချင်းရယ် …) သမုဒယနဲ့စွဲ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း) (၁၉၇၂ Mech:)
Comment #2
ကဗျာလေးကိုဖတ်ရတော့ငယ်ဘ၀က
သူငယ်ချင်းတွေကိုပြန်သတိရလွမ်းဆွတ်မိတယ်
Comment #3
ဖတ်လို့ လည်းချော ဆိုလို့ လည်းကောင်း
လို၇င်းကလည်း တို၇ှင်းလို့ 
အကြောင်းအ၇ာကလည်းအများဆိုင်
ခံစားချက်ကိုလည်း နှိုးဆွပေးနိုင်
အော် ကဗျာကောင်းတပုဒ်ဆိုတာ ဒီလို ပါလား လို့ တွေးမိတယ်
Comment #4
ကဗျာ တော. မခံစားတတ်ဘူး ….ဒါပေမယ်. ဒီကဗျာ လေး ဖတ်မိတော. စိတ်ထဲမှာ ဟာတာတာ နဲ.
သူငယ်ချင်းတွေကို လွမ်းလိုက်တာ….
Comment #5
ရန်ကင်းကို သတိရတယ် .. သူငယ်ချင်းတွေကို သတိရတယ်
Comment #1
လွမ်းမိပါတယ် သူငယ်ချင်းတို့ရေ……..