အရောင်မဲ့ဖြစ်တည်မှု့..။
ဒဏ်ရာအထပ်ထပ်နဲ့ ငါလိုလူရဲ့အရောင်မဲ့
လုပ်ရပ်တွေဟာ တစ်ခါတစ်လေ နာ ကျင် စေ ခဲ့ရင်
ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် (လူ့အတ္တတွေကိုပေါ့)..။
အတ္တနဲ့မောဟကို နေ့စဉ်သုံးစက္ကူလို သဘောထားနေတဲ့
အတ္တကိုအရောင်ဆိုး မောဟကို ဆေးထပ်တင်နေတဲ့
ကာလာစုံ လူတွေကြားထဲမှာ ငါတို့ရိုးသားခြင်းဆိုတာလဲ
ဈေးထဲကကန်စွန်းရွက်လောက်တောင် တန်ဖိုးမရှိခဲ့ဘူး..။
ရိုးသားခြင်းဆိုတာ အတ္တပန်းကိုပန်ဆင်သူတွေအတွက်
ရယ်စရာဟာသပျက်လုံးတစ်ခုဖြစ်နေပေမဲ့
တန်ဖိုးထားတက်သူတွေ အတွက်ကတော့
တန်ဖိုးဖြတ်စရာ နတ္တိဖြစ်နေမှာပါ..။
ရိုးသားခြင်းက ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေရဲ့ ထိပ်ဆုံးမှာရှိနေတာ
အကြောင်းမဲ့တော့မဟုတ်ဘူး သူ ငယ် ချင်း
သို့ပေသိ နင်ကဆေးသုတ်သမားဆိုရင်တော့
ကိုယ့်အိမ်မှာသာကိုယ် အရောင်စုံတင်လိုက်ပါ..။
ပေကျံနေတဲ့ လက်တွေနဲ့တော့ သူများအိမ်တွေလိုက်မဖျက်ဆီးနဲ့
တနေ့နင်အဆုံးမဲ့ နာကျင်မှု့တွေနဲ့ လမ်းတကယ်ပျောက်သွားမယ်ကွယ့်
သူငယ်ချင်း ဖြစ်တည်မှု့တွေ ဘာကြောင့်အရောင်မဲ့နေတယ်ဆိုတာ
စဉ်းစားဖို့ အချိန်ရောက်ပီလို့ နင်မထင်သေးဘူးလား/မထင်တက်တော့တာလား…???
ရွှေငါး
Comment #2
thank u soooooooooo much par …..fri 🙂
Comment #4
ကျေးဇူးအများကြီးတင်ပါတယ်..ကိုလူမော်ငြိမ်း.. အစ်ကိုလဲအသစ်တင်အုံးလေ.. 🙂
Comment #1
“အတ္တနဲ့မောဟကို နေ့စဉ်သုံးစက္ကူလို သဘောထားနေတဲ့
အတ္တကိုအရောင်ဆိုး မောဟကို ဆေးထပ်တင်နေတဲ့
ကာလာစုံ လူတွေကြားထဲမှာ ငါတို့ရိုးသားခြင်းဆိုတာလဲ
ဈေးထဲကကန်စွန်းရွက်လောက်တောင် တန်ဖိုးမရှိခဲ့ဘူး..။”
အရမ်းကြိုက်တယ် သူငယ်ချင်းရေ
အားပေးနေမယ်နော်