နင် ရှိမနေတော့ဘူး
နင် နဲ့  ငါ့ ကြား က
တရား မျှတခြင်းက
အပြီးပိုင် နှုတ်ဆက် ဖို့  တဲ့
ရေချမ်း တစ်ခွက် အမြဲကမ်းလင့် နေခဲ့သူရေ
ငါ ချစ်ခြင်းမှာ အခါခါ သေတယ် ၊၊ ၊၊
နောင်တ တွေ ထုပ်ပိုးမိတဲ့ ရင်ဘတ်နဲ့ 
နင့်ဆီက အချက်ပြ “မီးစိမ်း” လေးတစ်ပွင့်ကို
ငါ မက်မက်မောမော နဲ့  ပြန်တောင့်တတတ်နေပါပြီ
“ တန်ဖိုး ” ဆိုတာ မျိုး က နောက်ကျခါမှ
နောင်တ တချို့ နဲ့  ရောပြီး သိလာရတဲ့ အရာမျိုး
ငါ သိ လိုက်ပါပြီ
နင် ရှိမှ ပြည့်စုံနိုင်မဲ့ ငါ့ဘ၀ကို
နောက်တစ်ခါလောက်ပဲ ခွင့်လွတ်ပေးပါလား ၊၊ ၊၊
အလံဖြူတစ်စင်း နင့်အတွက် အမြဲတမ်း လွှင့်တင် နေဖို့ အတွက်
ငါ စိတ်က ထပ်ပြီး မတွန့် တိုတော့ပါဘူး
ငါ့ရဲ့ တစ်ကိုယ်ကောင်း မာန တွေ အတွက် ဖြစ်လာရတဲ့
အပြစ်တွေကို မာန်တင်းလို့ ခွင့်လွှတ်
စိတ်မနာနိုင်ခဲ့သော မိန်းကလေး ရယ်
“ ရင်ဘတ် နဲ့ ထပ်တူ ချစ်တတ်ခြင်း ” ကို နင့်အတွက် ဆိုတဲ့
ဒီ ကမ္ဗည်း ငါ့ဘယ်ဘက် ရင်အုံအောက်မှာ
အသေ ချိပ်ဆွဲလို့ တံဆိပ် ကပ် လိုက်ပြီးချိန်
နင် ငါ့ကို အပြီး နှုတ်ဆက်သွားခဲ့ပြီ ၊၊ ၊၊
အရင်က . . . . ဟိုး အရင်က
ငါ အသုံးမကျတိုင်း မျက်ရည်နဲ့ မျက်ခွက်
စိတ်တွေလဲ ပင်ပန်းလို့ 
နင့်ရဲ့ မာန်တွေကို လျှော့ ငါ့ရဲ့ ပေါ့ပြက်ပြက် တောင်းပန်စကားအောက်မှာ
နင် အမြဲပြန်ပြုံးတတ်ခဲ့တယ်
အဖြူကို မသိ အရောင်တွေ အမြဲဆိုးနေတတ်တဲ့ ငမိုက်သားအတွက်
နင့်ရဲ့ “ ခွင့်လွတ်ခြင်း ” က သံသရာများစွာထိ လင်းနိုင်တယ် ဆိုတာ
နင် သိထားပေးပါ ဟာ
ကလေး ပီဘိ ကြည်နူးစရာ ကောင်းသော မိန်းကလေးငယ်
ငါ အရက်သောက်တိုင်း မျက်ရည်တွေ ကြွေ
စိတ်တွေ ပူပန်လို့ 
နင်နဲ့ ငါ ရန်ဖြစ်ခဲ့ရသမျှ အခု ဒါတွေကို ငါလွမ်းတယ်
ငါ ကိုယ်တိုင် မျက်ရည်ကျနေရမှ နင့်ရဲ့ ကျခဲ့ရသမျှ မျက်ရည်တွေ အစား
နှမျောမိတယ် . . ငါ အခု အရိုးထိအောင် ရူးနေပြီ ၊၊ ၊၊
ငါဟာ နင့်ရဲ့ ပေးဆပ်မှုတွေကို ခံယူပြီးတဲ့နောက်
ထပ် တစ်ဖန် ငါပြန်လည် ပေးဆပ်နေရချိန်မှာတော့
လမ်းမသိ အိမ်မသိ ကျမ်းမရှိ မြေပုံမရှိ အချစ်မရှိ ခံစားချက်မရှိနဲ့ 
အရာရာတိုင်းဟာ ဆိတ်သုဉ်း ငါ့ အခန်းကျဉ်းထဲ ဒီ အုံ့ ပုန်း နောင်တတွေနဲ့ 
လူးလဲလို့ နိုးထ ငါ့ဘ၀ဟာ သုည မက နိမ့်ကျနေခဲ့ပြီ
တောင်းပန်စရာတွေရှိနေလဲ ခွင့်လွတ်စရာ နင် မရှိတော့ဘူး
မျက်ရည်တွေကျပြနေလဲ သနားပေးဖို့ နင် မရှိတော့ဘူး
သီချင်းတွေဆိုပြချင်နေလဲ နားထောင်ပေးမဲ့ နင်မရှိတော့ဘူး
အရက်တွေ ပြန်သောက်နေလဲ တားပေးတဲ့ နင်မရှိတော့ဘူး
ငါ့ဘ၀ဟာ လွတ်လပ်သွားခြင်းလား ချုပ်နှောင်သွားခြင်းလား ??
ငါ လွမ်း တရ် . . . . . . နင့်ရဲ့ အငွေ့ အသက်တွေ နဲ့  တိုက်ဆိုင်မိတိုင်း . . .
ငါတို့ အတူတူသုံးဖူးတဲ့ အင်တာနက်ဆိုင်ရောက်တိုင်းလွမ်းတယ်
ငါတို့ အတူတူစားဖူးတဲ့ ထမင်းဆိုင်လေး ရောက်တိုင်းလွမ်းတယ်
ငါတို့ အတူတူ ထိုင်ဖူးတဲ့ အအေးဆိုင်ရောက်တိုင်းလွမ်းတယ်
ငါတို့ အတူတူ ထိုင်ဖူးတဲ့ စိမ်းလန်းက ခုံလေးတွေ့ တိုင်းလွမ်းတယ်
ငါ့ မွေးနေ့ မှာ အတူတူ သွားဖူးခဲ့တဲ့ ရွှေတိဂုံ ဘုရား ရောက်တိုင်း လွမ်းတယ်
ငါတို့ အတူတူ အမြဲထိုင်တဲ့ ကျောင်းက ကန်တင်း လေး ထိုင်တိုင်းလွမ်းတယ်
ငါ့ အိမ် မှာ နင် ထိုင်သွားခဲ့တဲ့ ခုံလေး တွေ့ တိုင်းလွမ်းတယ်
ငါတို့ လမ်းခွဲခဲ့ကျတဲ့ ကျောင်းက library လေးတွေ့ မိတိုင်း လွမ်းတယ်
ဘယ်ကားအသစ်တွေဘယ်ရုံမှာတင်တင်
ငါ မသွားဖြစ်တော့ဘူး
နင် မရှိနိုင်တော့တဲ့ ငါ့ လက်ရှိ မှာ
စိတ် ဓါတ် ကျ တယ် နွမ်းလျတယ်
အောင်လ ရဲ့  “ တောင်းပန်တယ် ” သီချင်းလေး ငြီး မိတိုင်း
ငါ့ မျက်ရည် ခ တယ်
တကယ်ဆို နင့်ရဲ့ မွေးနေ့ ပွဲ မှာ ငါ ရှိနေသင့်တယ်လေ
လက်ပြခြင်း နဲ့ ထာဝရ နှုတ်ဆက်ခဲ့အပြီးမှာ နင့်အနားငါ ပြန်လာချင်လဲ
ပြန်လာခွင့်ဆိုတာ အိပ်မက်ထဲမှာတောင် ဝေး ပြီ ၊၊ ၊၊
လမ်းခွဲတဲ့ နေ့ က . . . .
ငါ့ အိတ်ကပ်ထဲက နင့်ဓါတ်ပုံလေးတွေ ပြန်အပေး
တုန်ရီ စွာနဲ့ လက်ခံသူ ချစ်သူ
ကျောခိုင်းချိန်မှာ မပြတ်သားခြင်းတွေနဲ့ 
နင် ထွက်ခွာအသွား ငါ နင့်ကို အဆုံးထိ ရပ်ကြည့်နေခဲ့မိတယ်
ငါ တကယ် အဆုံးရှုံး မခံနိုင်ခဲ့တာပါ ဟာ
ကိုယ့်ချစ်သူ အပေါ် ဂရုစိုက်နိုင်မှု ဆိုတာ ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို
နင် လမ်းခွဲ ကာမှ ငါ သိလိုက်ရပြီ
ပေးလိုက်ရတာနဲ့ သိလိုက်ရတဲ့ အသိ နည်းနည်းလေးမှ တရားမမျှတခဲ့ဘူး ၊၊ ၊၊
ချစ်ခဲ့ကြတာ ရှစ်လ ဆိုပေမဲ့ နင်ဟာ ငါ့အသဲမှာ အမြဲတည်နေတဲ့ သူပါဟာ
နင့်အပေါ်မှာ မြေစမ်းဖို့ ခရမ်းပျိုးခဲ့သလို ကာလမျိုး နည်းနည်းလေးမှ မသက်ရောက်ခဲ့တာ ယုံပါ
အခုတော့
ဆင်ကန်း လို တော တိုး ငါ့ဘ၀ နင့်ကို ဆက်ချစ်နေရင်းနဲ့ စုန်းစုန်းမြှပ်တော့မယ်
ငါလေ . . . .အရင်လို နင့်ကို ထမင်းခွံ့ ကျွေးချင်သေးတယ်
အရင်လို နင်စိတ်ကောက်သမျှ ချော့ချင်သေးတယ်
အရင်လို နင်နဲ့ ဖုန်းတွေ ပြောနေချင်သေးတယ်
အရင်လို နင်နဲ့ တူတူ လမ်းတွေ လျှောက်ကြည့်ချင်သေးတယ်
အရင်လို နင့်ရဲ့ အပြစ်တင်မှုတွေ ခံယူချင်သေးတယ်
အရင်လို နင့်စကားတွေ ကြားနေချင်သေးတယ်
အရင်လို . . . . . . အရင်လို . . . .
အရင်လို နင့်စိတ် နဲ့ ပဲ ရှင်သန်ချင်နေသေးတယ် ၊၊ ၊၊
လမင်းဇော်
—————————————————————————————————————
Comment #2
ငါ လွမ်း တရ် . . . . . . နင့်ရဲ့ အငွေ့ အသက်တွေ နဲ့  တိုက်ဆိုင်မိတိုင်း . . .
ငါတို့ အတူတူသုံးဖူးတဲ့ အင်တာနက်ဆိုင်ရောက်တိုင်းလွမ်းတယ်
ငါတို့ အတူတူစားဖူးတဲ့ ထမင်းဆိုင်လေး ရောက်တိုင်းလွမ်းတယ်
ငါတို့ အတူတူ ထိုင်ဖူးတဲ့ အအေးဆိုင်ရောက်တိုင်းလွမ်းတယ်
ငါတို့ အတူတူ ထိုင်ဖူးတဲ့ စိမ်းလန်းက ခုံလေးတွေ့ တိုင်းလွမ်းတယ်
ငါ့ မွေးနေ့ မှာ အတူတူ သွားဖူးခဲ့တဲ့ ရွှေတိဂုံ ဘုရား ရောက်တိုင်း လွမ်းတယ်
ငါတို့ အတူတူ အမြဲထိုင်တဲ့ ကျောင်းက ကန်တင်း လေး ထိုင်တိုင်းလွမ်းတယ်
ငါ့ အိမ် မှာ နင် ထိုင်သွားခဲ့တဲ့ ခုံလေး တွေ့ တိုင်းလွမ်းတယ်
ငါတို့ လမ်းခွဲခဲ့ကျတဲ့ ကျောင်းက library လေးတွေ့ မိတိုင်း လွမ်းတယ်
ဟုတ်တယ်။။ဒီကဗျာဖတ်တာအရမ်းလွမ်းလာမိသလိုပါပဲ
Comment #4
ဝမ်းနည်းလိုက်တာဖတ်ရတာတော်တော်ကောင်းတဲ့စာလေးပါပဲ
ငိုတောင်ငိုရတယ်
ဒီစာကိုရေးတဲ့သူလဲချစ်တဲ့သူနဲ့အဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
ဒါပမဲ့ရှင်ကရက်စက်တတ်တဲ့သူ1ယောက်ထင်တယ်နော်
Comment #5
အားပေးသွားတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ဗျာ
@wityee >>> ဘာလို့ များ ကျွန်တော့်ကို ရက်စက်တတ်တဲ့သူလို့ ခန့် မှန်းချက်ထုတ်ရတာလဲ မသိ ??
🙂
Comment #7
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗျာ .။ . . .
Comment #8
she went away coz afraid of u so much.
but she loved u so much.
if u want ur past,try again.
never give up.
Comment #9
nin shi ma nay dot bu…hote de lay…nin ne a way sone hmar ma shi nay dot tar lay.
he,,he,,
Comment #1
အရမ်းလွမ်းလာမိသလိုပဲ ဒီကဗျာကို ဖတ်ရတာ 🙁