Professional Authors

တောက်တီးတောက်တဲ့ Thingyan

သကြန် အတွက်တောင် ပုလင်းမကျန် ၊ သူ့အလင်းပြန် နေတဲ့မျက်နှာကိုမော့ကြည့်လိုက်တော့ ရင်ခွင်ထဲမှာချစ်သူရဲ့အန်ဖတ်အချို့ ၊ အပြန်အလှန်မခို့တရို့ကြည့်နေကြတယ်။ ရေပိုက်ဆိုတာမီးသတ်ပိုက်မဟုတ်ဘူး ငါသည် ကကြိုးတွေကိုထိုင်သီ တကယ်ဆိုဝေသာလီပြည်ကိုဝင်စီးသွားတဲ့ဘီလူးတစ်ထောင်မှာတစ်ကောင်ဟာငါပေါ့။ မနေ့ကထားခဲ့တဲ့ပျော်ရွှင်ခြင်းကိုထွေးခံထဲကကောက်ယူလိုက်တယ်။ ထွေးရဲရင်တော့ခံရဲရမှာပေါ့ ငါ့ရင်ခွင်ဆိုတာအများပြည်သူအရိပ်ခိုနိုင်အောင်အခမဲ့ဝင်ခွင့်ပေးထားခဲ့တာပဲဟာ။ ကျန်းမာရေးမကောင်းလာတာနဲ့အမျှ အရက်သောက်ခြင်းကိုစိတ်ကုန်လာပြီးလျှင်အရင်ကချခဲ့ဘူးတဲ့ဆေးခြောက်များကိုလွမ်းမိ။ ဒါတွေကအရင်းအမြစ်မရှိတဲ့ ပျက်စီးသွားတဲ့မိသားစုတွေအကြောင်းသီကုန်းထားတဲ့ဟာသကဗျာတစ်ပုဒ်လိုပဲ ၊ မှတ်သားလောက်အောင်ရက်စက်တယ်။
ဖိနပ်တွေ၊ မျက်မှန်တွေ ၊ ဖင်ကျပ်ဘောင်းဘီနဲ့ဆူးတပ်ခါးပတ်အချို့ မြို့ထဲမှာလမ်းသလားနေကြလေရဲ့ ။ ရန်ကုန်မြို့ရဲ့စတုဒီသာ၊ တစ်ခါတစ်လေငရုတ်သီးစပ်မယ် ဒါပေမဲ့ အဲဒီမုန့်လုံးရေပေါ်ဟာ ရေစိုခံအိတ်ထဲထည့်ထားတဲ့ဟမ်းဖုန်းကိုလွယ် ၊ ရေစိုခံမိတ်ကပ်တွေလိမ်းကျံ ၊ ရေစိုခံ ချွဲကျိကျိအလိမ်အညာစကားတွေနဲ့ သူ့ရဲ့ အကြိုနေ့မတိုင်ခင်ဝယ်လာတဲ့ ခြောက်လက်မဒေါက်ဖိနပ် ကို ရေ၊ရွှံ့၊အရက်၊ဘီယာ၊အချဉ်ရည်၊တံတွေး၊ကျင်ငယ်ရည်နဲ့အခြားအမည်မသိအရည်ပေါင်းစုံတို့ငြိမ်းချမ်းစွာစီးဆင်းကြတဲ့
 ရေစိုခံကတ္တရာလမ်းထက်မှာ ရွရွလေးနင်းလို့ ။ ဗယာကြော်သည်လင်မယား ၊
 တစ်နေ့တစ်သောင်းကျော်ပေးရတဲ့မဏ္ဏပ်အောက်မှာ တစ်နေ့ကိုတစ်ထောင်ကျော်မြတ်ကောင်းမြတ်မဲ့ သူတို့ရဲ့ရေစိုမခံဗယာကျော်ဗန်းလေးနောင်ရေးတွေးလို့ ရှိုက်ရှိုက်ပြီးငိုနေကြလေရဲ့။”
ဘဲဥတွေ ဘယ်ညာရုတ်တရက်ပြေးလွှားကြရဲ့ ၊ တစ်ခါတုန်းက ဘဲဥကိုဆွဲထိုးဘူးတဲ့ တပ်မတော်သားသူငယ်ချင်းတစ်ယောက်ကိုသတိရမိသလို နဲ့ တစ်ချိန်တည်းမှာမန္တလေးမှာဒီအချိန်ဆိုင်ကယ်စီးရင် ဘယ်သူတွေဦးထုပ်ဆောင်းကြမလည်းတွေးမိတယ်။ဘေးက ငါ့ညီမလေးကိုမျှုဆွယ်နေတဲ့သကောင့်သားအား ရင်ဘတ်ကိုပစ်ထိုးလိုက်တယ်။ ဒါနဲ့ပဲဒီနှစ်သကြန်လည်းစားပွဲတစ်ပွဲရှိမဲ့အကြောင်းစိတ်ကရောက်သွားမိ။
 ရေမစိုမဲ့ဒီနှစ်သကြန်မှာ ခါတိုင်းလိုရေပိတ်ရင်ချွေးမစို့လောက်ပါဘူး။
 ပိတောက်တွေပိတောက်တွေ ၊ တောက်တီးတောက်တဲ့ကွယ်။

In: ကဗျာ Posted By: Date: Apr 13, 2011
Comment #1

ဟား ဟား ဟား…
လှုပ်နိုင်တဲ့ဟာတွေ မှန်သမျှ (ရှိရှိ မရှိရှိ) တပြုံလုံး ပြုတ်ကျမတတ် ခါတာတွေရော မပါသေးပါလားကွယ်။

Leave Comments

Name*

Email*
Website
Email me whenever there is new comment