ပြန်လာခဲ့မယ် – နရီထက်
ဖျောက်လိုက်တဲ့ အရိပ်တွေ
အ၀င်အထွက်ရှိတဲ့ တံခါးချပ်တွေ
ငိုခြင်းနှင့်ရယ်မောသံတွေကြား
တန်ပြန်မှုနိယာမတွေက
ပြောလိုက်ကြတယ်
ပြန်လာခဲ့မယ်
ငါ့နှုလုံးသားကို အတင်းဆွဲယူ
နုတ်ယူပြေးလည်း
ပွက်ပွက်ဆူနေတဲ့ သွေးသားတွေက
တောင်းဆိုနေတယ်
ပြန်ပေးပါ
ဟောင်းလောင်ပေါက်နေတဲ့
ငါ့ရင်ဘတ်အတွက်
ငါက စက်ရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး
သွေးသားမရှိဘူးလို့ ဆိုရအောင်လည်း
အရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး
ငါသိနေတယ်
ပြန်လာခဲ့မယ်
ငါ့ဦးနှောက် ယိုင်တိုင်တိုင်ကို
နင်က အဝေးထိန်းစနစ်နှင့်
ချုပ်ကိုင်နေတယ်
ငါသိနေတယ်
ငါ့ဘ၀ကို ငါကို ပေးပါ
ငါ လာခဲ့မယ်…။ ။
နရီထက်
( ၁၃ ၊ ဧပြီလ ၊ ၂၀၁၁ )
Comment #2
ငါ့ဦးနှောက် ယိုင်တိုင်တိုင်ကို
နင်က အဝေးထိန်းစနစ်နှင့်
ချုပ်ကိုင်နေတယ်
ငါသိနေတယ်
ငါ့ဘ၀ကို ငါကို ပေးပါ
ငါ လာခဲ့မယ်…။ ။…..အရမ်းကောင်းပါတယ်…။

Comment #3
ကျေးဇူးပါ… ညီမလေး ကေသရီ

Comment #5
မဟုတ်ဘူး… မမိုက်ရဲဘူ… ငါ့ညီ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
…..(ဟောင်းလောင်ပေါက်နေတဲ့
ငါ့ရင်ဘတ်အတွက်
ငါက စက်ရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး
သွေးသားမရှိဘူးလို့ ဆိုရအောင်လည်း
အရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး)လူသားတယောက်ပါဘဲ
တကယ်ကောင်းပါတယ်အကိုကြီး
အားပေးတယ်ဗျာ……………..