ရွက်သစ်ခြွှေ – နရီထက်
ပုရစ်ဖူးတွေ ထွက်လာဖို့
ရွက်ဟောင်းလေးတွေ
ကြွေကျလာတယ်
သူ………….
သူ့နေရာနှင့်သူ…
အရွက်ကျရာ အပင်ပေါက်ကြသလို
တစ်ချို့ကျတော့ မြေဆွေးဖြစ်ရတယ်
သူ……….
သူ့နေရာနှင့်သူ…
လေအပွေ့မှာ လွမ်းမြုံခဲ့ကြသလို
တံမြက်စည်းနှင့် လှည်းကျင်းချိန်မှာလည်း
ရုန်းထွက်ခွင့်မရှိခဲ့ကြဘူး
သူ……………..
သူ့နေရာနှင့်သူ…
တစ်ခါတစ်ရံကျပြန်တော့ မျက်စိတွေစူးကြတယ်
တစ်ခါတစ်လေမှာတော့ လူတွေရဲ့ ပါးတွေကို
လေအဆော့မှာ ညင်ညင်သာသာလေး
ပါးရိုက်တတ်ခဲ့ကြတယ်
သူ……………….
သူ့နေရာနှင့်သူ…
လေပြေလေးအဝှေ့မှာ ဆော့ကစားချင်သေးတယ်
လွတ်လွတ်လပ်လပ် အတွေးမဲ့ အချိန်တွေနှင့်ရယ်
သူ…………….
သူ့နေရာနှင့်သူ…
ပုရစ်ဖူးတွေ ပွင့်အ လာမှာကိုလည်း
စောင့်မျှော်နေသူပါ..
ရွက်ဟောင်းလေးတွေ မြေမှာခလည်း
ငိုချမတတ်ခဲ့ပါဘူး…
သူ့နေရာနှင့်သူ…
သူ………………။ ။
နရီထက်
( ၁၄ ၊ ဧပြီလ ၊ ၂၀၁၁ )
Comment #2
သူ့နေရာနှင့် သူပါပဲ… ညီလေးရာ
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သူ………….
သူ့နေရာနှင့်သူ…
အရွက်ကျရာ အပင်ပေါက်ကြသလို
တစ်ချို့ကျတော့ မြေဆွေးဖြစ်ရတယ်
သူ……….
သူ့နေရာနှင့်သူ…
လေအပွေ့မှာ လွမ်းမြုံခဲ့ကြသလို
တံမြက်စည်းနှင့် လှည်းကျင်းချိန်မှာလည်း
ရုန်းထွက်ခွင့်မရှိခဲ့ကြဘူး
သူ……………..
သူ့နေရာနှင့်သူ…
တစ်ခါတစ်ရံကျပြန်တော့ မျက်စိတွေစူးကြတယ်
တစ်ခါတစ်လေမှာတော့ လူတွေရဲ့ ပါးတွေကို
လေအဆော့မှာ ညင်ညင်သာသာလေး
ပါးရိုက်တတ်ခဲ့ကြတယ်
သူ……………….
သူ့နေရာနှင့်သူ…
လေပြေလေးအဝှေ့မှာ ဆော့ကစားချင်သေးတယ်
လွတ်လွတ်လပ်လပ် အတွေးမဲ့ အချိန်တွေနှင့်ရယ်
သူ…………….
သူ့နေရာနှင့်သူ…
ပုရစ်ဖူးတွေ ပွင့်အ လာမှာကိုလည်း
စောင့်မျှော်နေသူပါ..
ရွက်ဟောင်းလေးတွေ မြေမှာခလည်း
ငိုချမတတ်ခဲ့ပါဘူး…
သူ့နေရာနှင့်သူ…
သူ………………။ ။