ထိပ်ဆုံးသို့ (ငွေတာရီ)
တစ်တောင်ပေါ် တစ်တောင်ဆင့်၊
တောင်အမြင့် ပတ်ခြံရံ။
တစ်တောင်ဆုံး ပြန်တော့၊
တစ်လုံးပြန်ကျန် ပြန်ပေသမို့၊
အဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊
ကြိုးလျှောက်ရပြန်။
တခါတလေ တကယ်ပန်းတာကြောင့်၊
တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့၊
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
စိတ်နွမ်းအသာဖြေဦး၊
မာလာငွေ ကန်ရေအေးရယ်နှင့်၊
ငှက်တေးကို အာရုံဆင်လို့၊
မူတသွင် အားအင်သစ်လိုက်ပါ့၊
ချစ်ဖွယ့်လူသား . . .။ ။
Comment #2
တခါတလေ တကယ်ပန်းတာကြောင့်၊
တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့၊
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
By: Myat Noe at May 26, 2011
Comment #4
The poem I like best. Thanks for sharing.
By: nyi naing at Dec 12, 2011
Comment #5
မှတ်သားလောက်ပါတယ်~~~~~~
By: loafer at Nov 11, 2012
Comment #6
အရမ်းကြိုက်သော ကဗျာပေါ့
By:ံHom aye at Mar 21, 2013
Comment #7
ဟောင်းနွမ်းမသွားမယ့် နှုညံ့တဲ့စာသား
By: Min Thant Ko at Mar 13, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငယ်ငယ်တုန်းကကြိုက်ခဲ.တဲ.ကဗျာလေးပြန်ဖတ်ရလို.ကျေးဇူးပါနော်