ကွယ်လွန်သူ(သို့)သူရဲ့နောက်ဆုံးကဗျာ……ကွယ်လွန်သူ(လမင်းပိုင်)
အမှောင်ထဲမှာ ငါတယောက်တည်း
အဖြူရောင်အ၀တ်ကိုဝတ်လို့
လမ်းလျှေက်ထွက်လာ
ခွေးတကောင်ကစဟောင်လိုက်တာ
တရက်ကွက်လုံးမှာရှိတဲ့ခွေးတွေအကုန်
လိုက်ဟောင်တော့တာပဲလေ
ငါနောက်မှာတော့လူတယောက်လိုက်လို့နေတယ်
သူ့ကိုသဲသဲကွဲကွဲမမြင်ရဘူးလေ
အဲဒီခွေးတွေကတော့စူးစူးဝါးဝါးနဲ့ကို ထပ်ဟောင်ပြန်တယ်
သူငါ့နောက်ကိုလိုက်နေတာကြာပြီလေ
သူကအနက်ရောင်ဝတ်ဆင်ထားတဲ့လူပေါ့
မနက်ဖန်မနက်
ချစ်သူနဲ့တွေ့ဖို့ငါအိပ်ရမယ်
ငါနဲ့အတူ အသက်မရှုသောသူတွေ
အဖော်အဖြစ်လာအိပ်ကြတယ်
ဘယ်သူတွေကများအလှပြင်ပေးထားကြလဲမသိ
သူတို့လှနေလိုက်ကြတာ
ကြောက်လန့်ဖို့ကောင်းလောက်အောင်ပါဘဲလား
မျက်လုံးကိုမှိတ်ပြီးအိပ်မယ်ကြံတုန်း
ဂျိုကာစောင်နေတဲ့လူတယောက်က
ထအော်လိုက်တယ်….ဒေါင်းပြီတဲ့…..
သြော်….သူတို့ငါ့အသုဘမှာ
ဖဲလာရိုက်နေကြတာကိုး……..
ငါသေနေပြီပဲ……
နှစ်ဆန်းတရက်နေ့(၁၃၇၃ခု၊တန်ခူးလဆန်း၁၄ရက်)
ည ၁၁:၅၀
ကွယ်လွန်သူ(လမင်းပိုင်)
Comment #1
မနက်ဖန်မနက်
ချစ်သူနဲ့တွေ့ဖို့ငါအိပ်ရမယ်
ငါနဲ့အတူ အသက်မရှုသောသူတွေ
အဖော်အဖြစ်လာအိပ်ကြတယ်
………..
အင်း…သေတာတောင်…..စိတ်ကမဖြောင့်ဘူး…