ဘာကြောင့် – နရီထက်
နီးခွင့် မရတဲ့အခါ
အခမ်းနားဆုံး တပ်မက်ကြတယ်
ကောင်းကင်ပြာပြာထဲက
လမင်းကလေး…
ရေအိုင်ထဲ ကျသက်လာတာ
မဆန်းသက်သလို…
အားငယ်တတ်သူရဲ့ မျက်ရည်
ပျော်စရာ သူတစ်ယောက်ဖို့
နှုတ်ခမ်းတွေ လှုပ်ခတ်လာစေသလား
ကြယ်ကြွေည…
ဆုတောင်းပြည့်တတ်ခဲ့ကြသလား
အပြုသဘောဆောင်ချင်လို့
မင်း မတ်တတ်ရပ် စကားပြောနေတဲ့အခါ
ငါက ထိုင် ပြောတတ်ခဲ့တယ်
ငါ ဒေါသတွေ အိပ်စက်စေခဲ့တယ်
ဒဏ်သင့်နေတဲ့ မြားတစ်ချောင်း
အဆိပ်လူးထားပေမဲ့လည်း
အသွားမမြက်တော့တာ
မဆန်းပါဘူး…
လေလွင့် မလာပေမဲ့…
မြေရိုင်းတွေက
အလေ့ကျ မြက်ပင်တွေ
ပေါက်ဖွားပေးတတ်ကြပါတယ်
ပေါက်ထွက်တက်လာတဲ့
သွားအဆွယ်တွေကို မခံနိုင်လို့
ကြွက်တွေက တစ်စစီမွစာကြဲအောင်
အကိုက်လေ့ကျင့်ကြတယ်
သိမ်ဝှက်ထားတဲ့ လက်သည်းတွေ
ရှည်ထွက်လာတာ မခံနိုင်လို့
သစ်ပင်အိုနားဘေးမှာ
ကြောင်ကလေးတွေက
အသွေးထက်ခဲ့ကြတယ်
မဆန်းပါဘူးလေး….
အဆွယ်ချိုးထားတဲ့ မြွေ
လက်သပ်ပွတ်ချင်ကြတာ
မဆန်းသလို…
အတောင်ဖြတ်ငှက်တွေကို
စကားသင်ပေးချင်ကြတာလဲ
မဆန်းပါဘူးလေး….
နရီထက်
( ၁၉ ၊ဧပြီလ၊ ၂၀၁၁ )
Comment #2
အားငယ်တတ်သူရဲ့ မျက်ရည်
ပျော်စရာ သူတစ်ယောက်ဖို့
နှုတ်ခမ်းတွေ လှုပ်ခတ်လာစေသလား
ကြယ်ကြွေည…
ဆုတောင်းပြည့်တတ်ခဲ့ကြသလားအပြုသဘောဆောင်ချင်လို့
မင်း မတ်တတ်ရပ် စကားပြောနေတဲ့အခါ
ငါက ထိုင် ပြောတတ်ခဲ့တယ်
ငါ ဒေါသတွေ အိပ်စက်စေခဲ့တယ်အဆွယ်ချိုးထားတဲ့ မြွေ
လက်သပ်ပွတ်ချင်ကြတာ
မဆန်းသလို…
အတောင်ဖြတ်ငှက်တွေကို
စကားသင်ပေးချင်ကြတာလဲ
မဆန်းပါဘူးလေး… ဒိအပှဒ်လေးတွေ ကောင်းတယ် အရေးအသား ကလည်း မြင့်တော့ ဆိုလိုရင်းကို စဉ်းစားယူရတယ်.ကိုကြိး ကောင်းတယ် ။ ကဗျာဆရာ တွေထဲမှာတော ဆရာ ကျတယ် ကိုကြိး
Comment #4
ကျေးဇူးပါ… ညီ… အကြိုက်ဆုံးစာသားတွေ ရွေးချယ်ပေးတဲ့အတွက်
Comment #1
ကဗျာစာသားလေးတွေကကောင်းတယ်အကိုကြီးးးးးးး
အောက်အပိုဒ်လေးတွေပိုမိုက်တယ်………..
အားပေးသွားတယ်နော်အကိုကြီး