ရွာပြန်စဉ် ကြော်ငြာဆိုက်ကားတစ်စီးနဲ့ အရင်ရောက်နေတဲ့ စူပါမင်းသမီးလေး ဖတ်ဖို့ (စောဝေ)
ကျွန်တော်ဟာ
အော်သံ မရှိတော့တဲ့ လော်စပီကာလိုပဲ
နောက်မှာ ဖြုတ်ထားတဲ့ ယူနစ်က
အသည်းနှလုံးလေလား
မြေဩဇာမပါဘဲ စိမ်းလန်းကြည့်ကြပါ
အတောင်ပံတပ်ထားတဲ့ ဆေးရောင်တွေဟာ
နေပြင်းပြင်းထဲ စိုက်စိုက်ကျလာတယ်
ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ ရေဒီယို
ဓာတ်ခဲကပဲ အားလျော့သလား
လေကပဲ အားလျော့သလား
လူကပဲ အားလျှော့သလား
ကျွန်တော့ရွာ ချောင်းလေးက
သောင်ပြင်မှာ လမ်းပြန်လျှောက်ကြည့်တော့
နံနက်ခင်းကလည်း လျော့လျော့
ရေစီးအားကလည်း လျော့လျော့
ဒါနဲ့
စိတ်တစ်ခုလုံးကို လှည်းကျင်းလိုက်ရတယ်
ကမ္ဘာကြီးတောင် သံသရာနဲ့
တပ်ဆင်ထားခြင်း ခံနေရတာပဲ
ဂျုံးဂျုံး ဂျက်ဂျက် ဖြတ်သွားတဲ့
တံတားကြီး အောက်မှာ
ပဲခင်း၊ ကြံပင်၊ ရိုးပြတ်၊ ကိုင်းတော၊ ပုစဉ်းရင်ကွဲများ
မိတ်ကပ်မုန်တိုင်းကြားထဲက
ဓားသန်လျက်မလေးရေ
လွမ်းလိုက်တာ ပုစဉ်းရင်ကွဲကောင်လို
ပုစဉ်းရင်ကွဲကောင်လို တစ်ယောက်တည်း
ရွာမှာ
လွမ်း..လိုက်..တာ။
Comment #2
ဓါးသံလျက်မလေး ကို ချစ်တယ်…
Comment #4
မိတ်ကပ်မုန်တိုင်ကြားထဲက ဓါးသံလျက်မလေးတဲ့……ချစ်စရာကောင်းလိုက်တာ
Comment #5
^_^
Comment #1
lwan like dar,,
hote pa daw,
😛