မျှော်ကြည့်ခြင်း
ဟိုး..အဝေး တနေရာမှ
ဂယက်ထနေတဲ့
လူသားတယောက်ရဲ့
ဖြစ်တည်လှုပ်ရှားမှုကို
ခံစားကြည့်နေမိတယ်.
ထိုသူ…
လုပ်ရက်တွေအတွက်
ပြစ်ဒဏ်ဆိုတာ
တပြိုက်နက်ကျရောက်နေတယ်.
ကံတရားရဲ့မျက်နှာသာပေးမှု
ှုဆိုတာ…သူ့အတွက်
ညတိုင်းတွေ့နေကျ.. အားလျော့နေတဲ့
5 watt မီးလုံးတလုံးသာသာ..
ကံဆိုးမှုဆိုတာ ထိုသူ့အတွက်
ညဥ့်လယ်စာ တခုလိုဖြစ်နေပြီ..
ထိုသူ…
လက်မခံချင်သေး
ရှိသမျှ..ခွန်အားနဲ့
တိုးထွက်ချင်တဲ့စိတ်က…အချိန်နဲ့အမျှ
ဖြစ်ပေါ်နေဆဲ..
မာကျောခဲ့တဲ့
ထိုသူ စိတ်ဓာတ်လဲ
ယိုင်နဲ့စပြုနေပြီ..
တချိန်က သူတိုက်ယူခဲ့တဲ့
နယ်မြေသစ်တွေလဲ
ကံဆိုးမှု မဟာမိတ်တပ်တွေရဲ့
ထိုးစစ်အောက်မှာ
အတုံးအရုံး..
အရင်မျှော်မှန်းထားခဲ့တဲ့
သူ့ရဲ့ ထာဝရ
နန်းတော်ကြီးလဲ..
သူ့ကို စွန့်ခွာစပြုနေပြီ..
ထိုသူ…
ရှိသမျှ..လက်ကျန်ခွန်အားနဲ့
ရုန်ထွက်ချင်နေတဲ့
ဆန္ဒကတော့…ဆက်လက် တိုးထွက်နေဆဲ…
အရာအားလုံးက
သူလှုပ်ရှားခဲ့တဲ့
ပတ်ဝန်းကျင်…
သံယောဇဉ်..အတွေ့အထိတွေက လဲ
မနေ့ကအတိုင်း
မှားယွင်းမှုတခုသာရှိသည်..
အရာအားလုံးက ထိုသူ့အတွက်
အေးစက်လွန်းနေတယ်..
သူအရင်လက်ခံခဲ့တဲ့
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုဆိုတာလဲ
ပြဋ္ဌာန်းချက်သာသာ…
မည်သူ့မှ စိတ်မ၀င်စားတဲ့…
အရူးတစ်ယောက်ရဲ့..
ဒဏ္ဏာရီတခုဖြစ်နေလေရဲ့…
ဟူးးး
သက်ပြင်းတောင်
အသံကျယ်ကျယ်..မချဝံ့တော့တဲ့လူတစ်ယောက်
အတွက် နောက်တစ်ကြိမ်
ကြိုးစားခွင့်ဆိုတာ
ဖြစ်နိုင်ပါ့မလား….
နယ်မြေသစ်ဆိုတာ
နယ်မြေအဟောင်းရဲ့
ဆင့်ပွားလက်ဆောင်တခု
ထိုသူသိရက်နဲ့
တပ်မက်မှုကို
သောမတတ်နိုင်…
အတိတ်တွေက
ပစ္စုပန်ကို မနင်းခြေနိုင်သလို
အနာဂတ်တွေကလဲ
ပုံမဖော်နိုင်ပြန်ဘူး..
နောက်ဆုံးတော့
ထိုသူ
အတွေးပျံလွင့်မှုဟာ
အတိုင်းအတာ တခုမှာရပ်တန့် သွားခဲ့ပါပြီ။
ကလေးတယောက်လက်က
လွတ်ထွက်သွားတဲ့
မိုးပျံပူပေါင်းတခုလို
မော့ကြည့်နေရုံလေးက လွဲလို့…
လုပ်စရာမရှိ
သူ့အတွက်..
မနက်ဖြန်နေရောင်ဆိုတာ
လူသားတွေနဲ့ အဝေးဆုံးက နေရာတခု
ထိုသူ
ရုန်းထွက်ချင်ပေမယ့်
လောကကြီးကထိုသူကို
ထာဝရငြိမ်သက်စွာ
ခွင့်ရက်ရှည်ပေးလိုက်ပါပြီ။
FiйaL⎝⋋⏝⋌⎠mUtaTioй
29.12.2010
( 1:30 pm)